Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်ကောက်စျေးစစ်ဘေးရှောင်များ ခြင်ထောင်လိိုအပ်ကြောင်း စစ်ဘေးရှောင်များပြော

ABN-ဟိန်းထွန်း

သြဂုတ် ၁၆ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ လက်ကောက်စျေး စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှာ ခြင်ထောင်များ ဟောင်းနွမ်းပေါက်ပြီနေပြီဖြစ်သည့်အတွက် ခြင်ထောင်သစ်များလိုအပ်နေကြောင်း စစ်ဘေးရှောင်များကပြောသည်။

၎င်းစခန်းတွင် လူနေအဆောင်များ ကျဥ်းကျပ်သည့်အတွက် ခြင်ပေါက်ဖွားလွယ်ခြင်း၊ ရေစီးမြောင်းမရှိသည့်အတွက်ထမင်းဟင်းချက်ပြုတ်စားသည့်နေရာမှ အညစ်အကြေးများသည် မြေများတွင် တင်ကျန်နေသည့်အတွက် ခြင်ပေါက်လွယ်ကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ABN သို့ပြောသည်။

“အဆောင်တွေကကျဥ်းကြပ်ပါတယ်၊ ခြင်ပေါက်ဖွားလွယ်တယ်၊ ရေစီးမြောင်းလည်းမရှိတော့ ထမင်းဟင်းချက်စားတဲ့နေရာက အညစ်အကြေးတွေ မြေပေါ်မှာပြန့်ကြဲနေတယ်၊ ​ခြင်တွေအရမ်းကိုက်ပါတယ်” ဟု ဆိုသည်။

လက်ကောက်စျေးစစ်ဘေးရှောင်စခန်းသည် တောင်ကုန်းအောက်တွင်တည်ရှိကာ ဘုန်းကြီးကျောင်းအတွင်း၌ ဆောက်လုပ်ထားသည့် အဆောင်များဖြစ်သည်။

ထိုစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၅၉ စုရှိပြီး လူဦးရေ အရေအတွက်မှာ ကျား ၂၆၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၆၃၀ ရှိကြောင်း စခန်းတာဝန်းခံထံကသိရသည်။

စားကြွင်းစားကျန်များကြောင့် ခြင်ပေါက်ဖွားမှုရှိနေခြင်း၊ ခြင်ထောင်များဟောင်းနွမ်းစုပ်ပြဲသွားသည့်အတွက် ခြင်ထောင်အသစ်များလိုအပ်နေကြောင်း စစ်ဘေးရှောင်က ဆက်၍ ပြောသည်။

“ထမင်းစားပြီးတဲ့အခါ စားကြွင်းစားကျန်တွေက အပင်အနားတွေမှာ ကျန်နေတယ်၊ ခြင်ပေါက်ဖွားမှုလည်းဖြစ်လာတယ်၊ ခြင်ထောင်တွေလည်း အပေါက်တွေကြီးပဲ၊ ခြင်တွေလည်းနေ့တိုင်းလိုလို ကိုက်နေတော့ ခြင်ထောင်တွေ လိုအပ်နေတယ် “ဟု ဆိုသည်။

ထိုစခန်းရှိခြင်ထောင်များမှာ ၂ နှစ်ကျော်ကြာမြင့်နေသည့်အတွက် ဟောင်းနွမ်းစုတ်ပြဲနေကြောင်း စစ်ဘေးရှောင်များကပြောသည်။

စခန်းအတွင်း နေမကောင်းဖျားနာသူ ၁၀ ကျော်ရှိပြီး၊ မသန်စွမ်းသူ ၇ ဦးရှိကာ မျက်စိတစ်ဖက်ကွယ်သူ နှင့် ကိုယ်လက်အင်္ဂါချို့ယွင်းနေသူများလည်းရှိကြောင်းတွေ့ရသည်။

ထို့အပြင် ၎င်းစခန်းတွင်အများသုံး အိမ်သာ ၄ လုံးမှာလည်းအသုံးပြု၍ မရတေ့ာသည့်အတွက် အိမ်သာလုံလောက်မှုလည်း မရှိကြောင်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ