Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းမြောက်တွင် ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်

AB News-ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ ရှမ်းမြောက်ဒေသ၊ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း AA ကထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို မိမိတို့ တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း မိမိတို့သည် တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြပါသည်” ဟုဆိုထားသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်သည် ၎င်းတို့ ရောက်ရှိရာဒေသများတွင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူ လက်တွဲပြီး အကောင်းဆုံး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောထားသည်။

ရက္ခိုင့်တပ်တော်သည် မည်သည့်နေရာတွင်မဆို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက်လျက်ရှိပါသည်ဟု ထုတ်ပြန်သည်။

Website
www.arakanbaynews.com    
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ