ABN-မေ ၂၅ ရက်
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ရေနစ်မြုပ်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဇိုက်ပင်ရင်းရွာနှင့် ကျွန်းချေရွာတို့ကို ရက္ခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ (ASMA) ထိုင်းနိုင်ငံက သွားရောက်ပြီး ဆန်သွားရောက် ကူညီလှူဒါန်းခဲ့သည်ဟု သိရသည်။
ရေလွှမ်းမိုးခဲ့သည့် ဇိုက်ပင်းရင်းနှင့် ကျွန်းချေရွာများတွင် အစားအသောက်များနှင့် ရေအဓိက အခက်အခဲ ဖြစ်နေကြရသည်။
၎င်းရွာများသည် ကျွန်းစုရွာများဖြစ်သောကြောင့် ရေခပ်ရန် ဘုတ်၊ စက်လှေများဖြင့် ခက်ခဲစွာ သွားရောက်နေရကြောင်း ရွာသားများက ပြောသည်။