ABN-နွယ်စိုး
သြဂုတ် ၉ ရက်
ရခိုင်ပြည် မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ကမ်းနားရှိ ကျေးရွာများမှ ရေဘေးရှောင်နေသည့် ပြည်သူများ မြစ်ရေ ၆ ပေခန့် ပြန်ကျသွားသည့်အတွက်ကြောင့် နေအိမ်သို့ ပြန်လာကြကြောင်း သိရသည်။
ထိုလေးမြို့မြစ်တွင် ပေ ၃၀ ခန့်လောက် မြင့်တက်ခဲ့ပြီး ယနေ့ သြဂုတ် လ မနက်ပိုင်းမှစကာ ရေ ၆ ပေ လောက် ပြန်ကျသွားသည့်အတွက်ကြောင့် ရေဘေးရှောင်များ နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်းရေဘေးရှောင်တစ်ဦးက ABNသို့ပြောသည်။
“ရေ ၆ ပေလောက်ကျသွားတယ်။ အဲဒါကြောင့် အိမ်ကိုပြန်လာကြတယ်။ အိမ်ကိုပြန်လာတော့လည်း မြေနိမ့်ပိုင်းတွေက နစ်မြုပ်နေဆဲပါပဲ”ဟု ဆက်ပြောသည်။
ရေဘေးရှောင်များအနေဖြင့် နေအိမ်သို့ပြန်လည်ရောက်ရှိသော်လည်း မြေနိမ့်ပိုင်းများ ဆက်နစ်မြုပ်နေဆဲဖြစ်နေသည့်အတွက် နေထိုင်ရေးအခက်အခဲများ၊ အသွားအလာအခက်အခဲတို့ ရှိနေကြောင်း သိရသည်။
လေးမြို့မြစ်ရေမြင့်တက်ခြင်းကြောင့် မြစ်ကမ်းနားရှိ ရေဘေးသင့်ခဲ့သည့်ရွားများမှာ စပါးထားရွာ၊ လက်မရွာ၊ ဇီးကုန်းရွာ၊ ရွှေတမာရွာ၊ လေညှင်းတောင်စရွာ၊ ညောင်ပင်လှရွာ စသည့်ရွာများဖြစ်ကြသည်။
ရခိုင်တွင် မိုးဆက်လက် ရွာသွန်းနေသော်လည်း မိုးသည်းထန်စွာ ရွာသွန်နှုန်း နည်းသွားသည့်အတွက် ရေကျသွားကြောင်း သိရသည်။