Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေဘေးသင့်ပြည်သူများအား ULA/AAက စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ABN-ရှိုင်းမိုး

သြဂုတ် ၁၁ရက်

သြဂုတ်လ ၃၁ရက်နေ့က မုန်တိုင်းငယ်တိုက်ခတ်ခဲ့သောကြောင့် ရခိုင်ပြည်တွင်းရှိ မြို့နယ် မြို့နယ် ၈ခုတွင် မိုးကြီး၍ ရေလွှမ်းမိုးမှုခံရသော မြို့နယ်များကို ULA/AAမှ စားနပ်ရိက္ခာအထောက်ပံ ကူညီပေးလျှက်ရှိနေသည်။

သြဂုတ်လ ၄ရက်နေ့မှ မင်းပြား၊ မြောက်ဦး၊ မောင်တောမြို့နယ်တို့တွင် ဒေသခံများရေလွှမ်းမိုးမှုခံခဲ့ကြရပြီး မြေနိမ့်ဒေသမှ ဒေသခံများမှာ မြေမြင့်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ကြရသည်။

မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဒီရေ ၉ပေမှ ၁၀ အထိတတ်ခဲ့ပြီး မင်းပြားမြို့နယ် မင်းဖူးရွာ၊ အသေကာလရွာ၊ နဒင်ရွာဟောင်းအပါဝင် တခြားကျေးရွာပေါင်း ၂၀ ကျော်တို့တွင် သြဂုတ်လ ၈နေ့က ဒီရေတဟုန်ထိုးမြင့်တတ်လာသောကြောင့် နေအိမ်များရေနစ်မြုပ်သွားခဲ့သည်။

အဆိုပါဒီရေမြင့်တတ်လာမှုကြောင့် စားနပ်ရိက္ခာများအခက်အခဲဖြစ်လာ၍ မင်းပြားမြို့နယ်ရှိ မင်းဖူး ကျေးရွာအပါဝင်တခြားရွာများကို ULA/AAက ရိက္ခာထောက်ပံပေးခဲ့သည်။

မြောက်ဦးမြို့နယ်ရှိ မြောင်းဘွေကျေးရွာ၊ လေးမြို့ချောင်းအထက်ပိုင်းမှရွာများနှင့် မြတန်ဆောင်း စစ်ဘေးရှောင်စခန်းအပါအဝင် စစ်ဘေးရှောင်စခန်း ၅ ခုတွင် ရေနစ်မြစ်သွား၍ ULA/AAက တပ်ဖွဲ့ဝင်များဝိုင်းဝန်းကူညီပြီး စစ်ဘေးရှောင်များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။

မြောက်ဦးမြို့နယ်ရှိ စေတီတောင်ရွာဟောင်း၊ နကန်ရွာနှင့် တင်းထိန်ကန် စစ်ဘေးရှောင်စခန်းတို့ကို ULA/AAမှ ဆန်အိတ်များကူညီဆောက်ရွက်ပေးခဲ့သည်။

အလားတူ ULA/AAမှ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဒီရေမြင့်တတ်လာသောကြောင့် စစ်ဘေးရှောင်များကို ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ပြီး စားနပ်ရိက္ခာများပံပို့ပေးခဲ့သည်။

သြဂုတ်လ ၄ရက်နေ့စ၍ ဒီရေမြင့်တတ်လာမှုကြောင့် ရခိုင်ပြည်တွင်းရှိ မြို့နယ် ၈ခုတွင် စာသင်ကျောင်းများကိုပိတ်ထားခဲ့ရသည်။

သြဂုတ်လ ၉ရက်နေ့မှစ၍ ဒီရေတဖြည်းဖြည်းလျော့ကျလာနေပြီး ဒီရေမြင့်တတ်ခဲ့သော စစ်ဘေးရှောင်စခန်းများတွင် သောက်ရေ၊ သုံးရေပြဿနာကြုံနေရ၍ ULA/AAမှ နိုင်ငံတကာအဖွဲ့စည်းများကိုလည်း ရေထောက်ပံကူညီပေးရန်တောင်းဆိုခဲ့သည်။

​တောင်ကုတ်မြို့နယ်တွင် မိုးကြီးရေလျှံဖြစ်ခဲ့သောကြောင့် နေအိမ်များပျက်စီး၍ တာတမံများကျိုးကျသွားခဲ့သည်။

အလားတူ စစ်ဘေးရှောင်စခန်းအများစုတွင် ဒီရေမြင့်တတ်လာမှုကြောင့် နေအိမ်များ ၁၀၀ ကျော်ပျက်စီးခဲ့ရသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ