သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေဖြူကန် စစ်ဘေးရှောင်စခန်းကို အာဏာသိမ်း စစ်ကောင်စီက ဖြိုနေ

ABN -ရာဟု

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်ကောင်စီ ဖြိုဖျက်နေသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဌာန၊ EPCရုံးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ မတ်လ ၈ ရက်နေ့ နေ့လည် ၁နာရီ ၃၀မိနစ်ခန့်ကစပြီး ရေဖြူကန် စစ်ဘေးရှောင်စခန်းကို လာရောက်ဖြိုဖျက်နေကြသည်ကိုတွေ့ရသည်။

“ထွေအုပ်၊မီးရုံရယ် ရဲတွေပါတယ် ။သူတို့စုပေါင်းပြီး စစ်ဘေးရှောင်စခန်းကိုဖြိုနေကြတာကို တွေ့ပါတယ်”ဟု အမည်မဖော်လိုသူ မျက်မြင် သက်သေ က ABNကို ပြောသည်။

ရေဖြူကန် စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များကို ပုဏ္ဏားကျွန်းတပ်မ ၅၀၅မှ မတ်လ၃ရက်နေ့က တစ်အိမ်ထောင်ကို ငွေ ၆သိန်းပေးကာ အတင်း အဓမ္မ နေရပ်ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။

ရေဖြူကန် စစ်ဘေးရှောင်စခန်းကို အာဏာသိမ်း စစ်ကောင်စီက ဖြိုနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ