Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရာဇတ်သတ်ကြီး ပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်း အပါအဝင် ၃ ဦးကို လာမည့် ရုံချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးပြော

ABN- ရှိုင်းမိုး

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထုဇော်ဝင်း အပါအဝင် ၃ ဦးကို ယနေ့ ၁၀နာရီကျော်က ရုံးထုတ်ခဲ့ပြီး၊ နောက်လာမည့် ၂၈ရက်နေ့ ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက် တို့ဖြစ်ကြသည်။

ထို၃ဦးကို တရားစွဲဆိုထားသောတရားလိုများမှာ ဗိုလ်ကြီး ကိုကိုအောင်၊ ဗိုလ်ကြီး မောင်မောင်နိုင်နှင့် ဗိုလ်ကြီး ဝေယံဦး တို့ဖြစ်သည်။

ယနေ့ ရုံးထုတ်တွင် နှစ်ဖက် အပြန်အလှန် လျှောက်လဲချက်များ ပေးခဲ့ကြပြီး အပြီးသတ်အမိန့်ချရန် မတ်လ ၂၈ ရက်နေ့သို့ ရုံးချိန်းရွှေ့လိုက်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

“ဒီနေ့ရုံးချိန်မှာ အပြန်အလှန် အပြီးသတ်လျောက်လဲချက်ပေးကြတယ်၊ ပြီးတော့ ၂၈ရက်နေ့ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမယ်လို့ တရားသူကြီးကပြောပါတယ်” ဟုမိသားစုဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ အပစ်ခတ်ရပ်စဲခဲ့သည့်အချိန်တွင် စစ်ကောင်စီမှ သူတို့ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူများကို ၂လအတွင်းပြန်လွှတ်ပေးရမည်ဟု ကတိပြုထားခဲ့သော်လည်း ပျက်ကွက်သည့်အတွက် နောက်ထပ်အပစ်အခတ်ရပ်စဲရန်မဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်‌တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဖေဖော်ဝါရီလ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက် တို့ကို ၂၀၂၂ ခုနှစ် ဇူးလိုင်လက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

ရာဇတ်သတ်ကြီး ပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုခံထားရသည့် လူထုဇော်ဝင်း အပါအဝင် ၃ ဦးကို လာမည့် ရုံချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု တရားသူကြီးပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ