Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင် အငူမော်-စေတီပြင်လမ်းဆိုးဝါးစွာပျက်စီးနေသည့်အတွက် ကျောင်းသူ/သားများအခက်အခဲကြုံနေ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၃၀ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ အငူမော်-စေတီပြင်လမ်း ဆိုးဝါးစွာပျက်စီးနေသည့်အတွက် ကျောင်းသူ/သားများနှင့် ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။

၎င်းလမ်းမှာ မိုးတစ်ရက်ရွာလျှင် ဆိုင်ကယ်၊ ကား၊ သုံးဘီးသမားတို့ပင် သွားလာ၍ အဆင်မပြေနိုင်သည်ကို ABN က တွေ့ခဲ့ရသည်။

လောင်းချောင်းရွာ လမ်းမကြီးပျက်စီးနေသည့်အတွက်ကြောင့် အနီးအနားရှိကျေးရွာများမှ ကျောင်းသား/ ကျောင်းသူများ မိုးရွာသည့် နေ့များတွင် ကျောင်းမတက်ဘဲ နေရကြောင်း သရက်ပြင် ကျေးရွာမှ ကျောင်းသူ တစ်ဦးက ABN သို့ပြောသည်။

“ကျမတို့က လောင်းချောင်းကိုသွားပြီး ပညာသင်ယူနေရတာပါ၊ လမ်းခရီးကလည်းမကောင်းတော့ သွားရတာအဆင်မပြေဘူး၊ မိုးရွာရင်ကျောင်းမသွားရဘူး ” ဟု ဆိုသည်။

အငူမော်လမ်းတစ်လျှောက်၌ ရှိသည့် ကုလားချောင်း၊ မဟာမြိုင်၊ အောင်မ၊ လောင်းချောင်း၊ သရက်ချောင်း၊ သရက်ပြင်၊ သံချောင်း ရွာများမှ ကျောင်းသူ/ ကျောင်းသူများသည် အထက်တန်းပညာ သင်ယူရန်အတွက် လောင်းချောင်းသို့ ခက်ခက်ခဲခဲ သွားလာနေရသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်ရေးမကောင်းသည့်အတွက် ပညာသင်ယူရာတွင် အခက်အခဲရှိရုံသာမက ဒေသခံပြည်သူများမှာလည်း ခရီးသွားကြန့်ကြာမှုများရှိနေကြောင်း လောင်းချောင်းရွာမှ ၉ တန်းကျောင်းသူ မ နှင်းကေခိုင်က ပြောသည်။

“လမ်းကလည်းမကောင်းဘူး၊ သွားလာရတာလည်းခက်ခဲပါတယ်၊ ပညာရေးမှာလည်း နှောင့်နှေးမှုတွေရှိတယ်၊​ ဒေသခံတွေလည်း ခရီးသွားကြန့်ကြာမှုတွေရှိပါတယ် “ဟု ဆိုသည်။

၎င်လမ်း တောက်လျှောက်ပျက်စီးနေသည့်အတွက်ကြောင့် တစ်ချို့ ကျောင်းသားမိခင် အမျိုးသမီးများသည် ၎င်းတို့၏သားသမီးများကို လက်တွန်းဂါရီဖြင့် တွန်း၍ ကျောင်းပို့နေရသည်ကို တွေ့ရသည်။

အငူမော်-စေတီပြင်လမ်းမှာ မိုးရာသီတွင် ဆိုးဆိုးဝါးဝါးပျက်စီးနေသည့်အတွက် အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံပြည်သူများ၊ ကားသမားများနှင့် ကျောင်း​သူ/ ကျောင်းသားများက ပြောသည်။

၎င်းအပြင် လောင်းချောင်းရွာတွင် ကျန်းမာရေးဌာန ရှိသော်လည်း လမ်းမကောင်းသောကြောင့် အနီးအနားရှိ ဒေသခံပြည်သူများမှာ လာရောက်ဆေးကုသမှုခံယူရန် ခက်ခဲမှုရှိနေကြောင်းလည်း

ဓာတ်ပုံ-ABN/ဟိန်းထွန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ