Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင် အငူမော်ဆိပ်ကမ်းမှ စစ်ကောင်စီတပ်သားများ စစ်ကား ၉ စီးဖြင့် လက်နက်ကြီးများသယ်ယူနေ

ရသေ့တောင် အငူမော်ဆိပ်ကမ်းမှ စစ်ကောင်စီတပ်သားများ စစ်ကား ၉ စီးဖြင့် လက်နက်ကြီးများသယ်ယူနေ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၇ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းမှ စစ်ကောင်စီတပ်သားများသည် နေဗီမှ လက်နက်ခဲယမ်းကြီးများကိုချပြီး စစ်ကား ၉ စီးတွင်အပြည့်တင်၍ သယ်ယူနေကြောင်း သတင်းရရှိသည်။

၎င်းတို့သည် မနက်ပိုင်း ၈ နာရီခန့်က စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းမှ နေပြီး အငူမော်ဆိပ်ကမ်းသို့ နေဗီဖြင့်ရောက်ရှိလာပြီး စစ်ကားများပေါ်သို့လက်နက်များတင်ပို့နေကြောင်း သိရသည်။

အငူမော်ဆိပ်ကမ်းသို့ဆိုက်ကပ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ခဲယမ်း၊ ကျည်ဆံများကို နေဗီမှချကာ စစ်ကား ၉ စီးသို့ တင်ယူ၍ သွားနေကြောင်း ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

“စစ်သားတွေလည်းပါတယ်၊ လက်နက်တွေအများကြီးပဲ၊ ၉ စင်းလုံးမှာ အပြည့်တင်သွားတာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တာဘာလ ၂၂ ရက်နေ့ ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်သားအင်အား ၇၀ ကျော်ခန့်ကို ၎င်းဆိပ်ကမ်းမှ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

၎င်းတို့မှာ လက်နက်ခဲယမ်းအပြည့်ပါရှိသည့်အပြင် စစ်ကား ၉ စီးဖြင့် အငူမော်ကနေပြီး အင်းဒင်ဖက်ကို သွားနေသည့်အတွက် ဒေသခံပြည်သူများ စစ်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဆက်၍ ပြောသည်။

“လက်နက်တွေအကြီးကြီးတွေပါတယ်၊ ၉ စီးစလုံး မောင်တောဖက်ကိုသွားနေတယ်၊ ပြည်သူတွေလည်း စစ်ပွဲဖြစ်လာနိုင်တယ်ခန့်မှန်းနေကြပါတယ် “ဟု ဆိုသည်။

ထို့အပြင် လက်နက်အပြည့်ပါသည့် စစ်ကောင်စီ စစ်ကား ၃ စီးမှာ အင်းဒင်၊ ဘူးသီးတောင်ဖက်သို့သွားကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ခဲယမ်းအပြည့်ပါတယ်၊ စစ်ကား ၃ စီးနဲ့ အင်းဒင်၊ ဘူးသီးတောင် ဖက်ကို သွားပါတယ် “ဟု ဆိုသည်။

စကစ တပ်ဖွဲ့ဝင်များသည် ရသေ့တောင်ဖက်တွင် ညအချိန်၌ AA တပ်စခန်းများကို ဒရုန်းဖြင့်ကင်းထောက်မှုများ၊ စစ်ရေးဖြည့်တင်းများအပါအဝင် AA နှင့်ဆက်စပ်သူများကို လိုက်လံရှာဖွေမှုများ ရှိနေကြောင်း သိရသည်။

ရသေ့တောင်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ထဲသို့ အင်အားဖြည့်တင်းရန်အတွက် မူဆလင် ၃၃ ယောက် ရောက်ရှိနေကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စကစတပ်ဖွဲ့ဝင်များသည် တစ်ခါတစ်ခါ လက်နက်​များကိုင်ပြီး စျေးလာဝယ်နေခြင်း၊ ရဲတပ်ဖွဲ့ဝင်များလည်း စုံစမ်းစစ်ဆေးမှုများတစ်ချို့ ပြုလုပ်နေသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ