Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင် စေတီတောင်အနောက် စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခါလိုအပ်နေ

ABN-ဟိန်းထွန်း

အောက်တိုဘာ ၁၂ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်အနောက်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

WFPမှ လူတစ်ဦးစီ ထောက်ပံသည့် ၃၃၀၀၀ နှုန်းဖြင့်လည်း စားဝတ်နေရေးမဖူလုံသည့်အပြင် အလုပ်အကိုင်ရှားပါးမှုကြောင့် စးးနပ်ရိက္ခာအကူအညီလိုအပ်နေခြင်းဖြစ်သည်။

စားဝတ်နေရေးအခက်အခဲများရှိနေခြင်း၊ ကုန်စျေးနှုန်းများ မြင့်တက်နေမှုကြောင့် စစ်ဘေးရှောင်များစွာ အခက်တွေ့နေရပြီး စားနပ်ရိက္ခါများထောက်ပံ့ပေးစေချင်ကြောင်း စခန်းတာဝန်ခံ ဒေါ် ခိုင်နုသိန်းက ABN သို့ပြောသည်။

“ကျမတို့မှာ စားဝတ်နေရေးတွေကအရမ်းအခက်အခဲရှိပါတယ်၊ ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့အတွက် စစ်ဘေးရှောင်တွေအဆင်မပြေဘူး၊ စားနပ်ရိက္ခါတွေ လိုအပ်နေတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်အများစုသည် အလုပ်အကိုင်ရှားပါးသည့်အတွက်ကြောင်း မြို့ထဲသို့သွား၍ ကြုံရာကျဗန်းလုပ်ကိုင်ခြင်း၊ ချောင်း၊ မြစ်သို့သွားပြီး ငါးဖမ်း၍ ရောင်းချနေရခြင်း၊ တော​တောင်များကိုတက်ပြီး ဟင်းသီးဟင်းရွက်ခူးပြီး ရောင်းချနေရခြင်းများရှိသည်။

တစ်ချို့ အသက်အရွယ် ၄၀ ကျော်ရှိနေပြီဖြစ်သည့် စစ်ဘေးရှောင်များကိုလည်း အလုပ်မခေါ်တော့သည့်အတွက် စားဝတ်နေရေးအခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်းတွေ့ရသည်။

၎င်းစခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၉၃ စု၊ လူဦးရေအရေအတွက် ၆၄၈ ဦးရှိပြီး ၎င်းထဲမှ မသန်စွမ်းသူ ၉ ဦးရှိကြောင်း သိရသည်။

ယခင်ကအလုပ်အကိုင်အနည်းငယ်အဆင်ပြေသော်လည်း ယခုအခါတွင် ကျဗန်းအလုပ်တောင်အလုပ်အကိုင်ရှားပါးနေသည့်အတွက် စားဝတ်နေရေး အခက်အခဲတွေ့နေကြောင်း ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာမှ စစ်ဘေးရှောင် ဒေါ်စောသန်းခင်က ပြောသည်။

“အရင်ကဆိုရင်အလုပ်အကိုင်တွေနည်းနည်းပါးပါးအဆင်ပြပါတယ်၊ အခုတော့ ကျဗန်းလုပ်နေတဲ့အလုပ်တွေတောင် ရှားပါးလာတော့ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရုန်းကန်နေရတယ်၊ ကူညီပေးနိုင်တဲ့သူတွေလည်း ထောက်ပံ့စေချင်တယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်လာသူများမှာ ရသေ့တောင်မြို့နယ် ထီးစွဲ၊ ကျောက်တန်း၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ ဗောဓိကုန်း၊ ရေဘုတ်၊ ရေမျက်၊ ညောင်ပင်လှ၊ အမျက်တောင်၊ ရေဇိုးချောင်း၊ မောင်ဖြူရွာ၊ အိုးဖောက်၊ ကုန်တန်း ရွာများမှဖြစ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ