Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်၊ ကျောက်တော်နှင့် မြောက်ဦးမြိုနယ်ရှိ စစ်ကောင်စီဗျူဟာ၊ စခန်းကုန်း ၃ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိ

ရသေ့တောင်၊ ကျောက်တော်နှင့် မြောက်ဦးမြိုနယ်ရှိ စစ်ကောင်စီဗျူဟာ၊ စခန်းကုန်း ၃ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိ

AB News- ဇန်နဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်တွင်းရှိ ရသေ့တောင်၊ ကျောက်တော်နှင့် မြောက်ဦးမြိုနယ်များမှ စစ်ကောင်စီအခြေစိုက် ဗျူဟာ၊ စခန်းကုန်းများအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်တော်သည် ကျောက်တော်မြိုနယ်ရှိ စစ်ကောင်စီ၏ အမတ ၃၇၇ အမြောက်တပ်စခန်း၊ ရသေ့တောင်မြိုနယ်ရှိ ရေစိုးချောင်းဗျူဟာကုန်း၊ မြောက်ဦးမြိုနယ်ရှိ လင်းမြွေတောင်စခန်းကုန်းတိုအား အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော်မှ ယမန်နေ့ဇန်နဝါရီလ ၁၄ရက် နံနက် ၃နာရီအချိန်ခန့်တွင် ကျောက်တော် မြိုနယ်ရှိ အမတ ၃၇၇ စခန်းကုန်း၊ နံနက် ၁၁နာရီ အချိန်ခန့်တွင် မြောက်ဦး မြိုနယ်မှ လင်းမြွေတောင်စခန်းနှင့် နေ့လည် ၁၂နာရီအချိန်တွင် ရသေ့တောင်မြိုနယ်ရှိ ရေစိုးချောင်းဗျူဟာကုန်း တိုအား အချိန်နှင့်တပြေးညီ သိမ်းပိုက်ရရှိခဲ့သည်။

၎င်းဗျူဟာ၊ စခန်းများမှာ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ချမ်းသာများအား နှစ်ရှည်လများဖျက်ဆီး၊ ဒုက္ခပေးနေခဲ့သော စခန်းကုန်းများဖြစ်သည်။

ရသေ့တောင်မြိုနယ်မှ ယင်းရေစိုးချောင်းဗျူဟာကုန်းသည် ရသေ့တောင်၊ ဘူးသီးတောင် မြိုနယ်များရှိ ရပ်ရွာများအား နှစ်ရှည်လများ ဒုက္ခပေး၍ ပြည်သူများအား လက်နက်ကြီးများဖြင့်ပစ်သတ်တိုက်ခိုက်ခဲ့သည်။ ရေစိုးချောင်းကျေးရွာမှ ရွာသူ၊ရွာသားများမှာလည်း စစ်ကောင်စီ၏ ရက်စက်ဒုက္ခပေးမှုကိုမခံနိုင်၍ နှစ်ရှည်လများ နေရပ်စွန့်ခွာထွက်ပြေးနေခဲ့ကြရသည်။

အလားတူပင် မြောက်ဦး လင်းမြွေတောင်စခန်းနှင့်၊ ကျောက်တော် အမတ ၃၇၇တိုသည်လည်း ပြည်သူများအားလက်နက်ကြီးများဖြင့်ပစ်သတ်တိုက်ခိုက်ခဲ့သောကြောင့်ပြည်သူ့အသက်အိုးအိမ်၊ သေကြေပျက်စီးမှုများမှာ အများအပြားရှိခဲ့သည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ချမ်းသာအား ဒုက္ခပေးနေသော စစ်ကောင်စီတပ်များအား အသာတကြည်လွယ်လွင့်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ ရက္ခိုင့်ရဲဘော်များ၏ အသက်၊သွေးများ ပေးဆက်ကာ ဗျူဟာကျစွာဖြင့် တိုက်ပွဲဝင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု AA ကဆိုသည်။

ဖက်ဆစ်စစ်ကောင်စီတပ်များမှလည်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ၃ခုလုံးဖြင့်အကြိတ်အနေ တိုက်ပွဲဝင်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နည်းဗျူဟာကျ ထိုးစစ်ဆင် တိုက်ခိုက်မှုများအား ပြန်လည်ခုခံ ချေပနိုင်မှုမရှိခဲ့ပေ။

လက်ရှိတွင် ပလက်ဝဒေသတစ်ခုလုံးမှာလည်း စစ်ကောင်စီကင်းမဲ့ပြီး ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်သည်။ ဤသည်မှာ ရက္ခိုင့်တပ်တော်၏ အပြောနှင့် အလုပ်ညီတတ်သော လုပ်ရပ်ကိုလည်းပေါ်လွင်စေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ