Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်အခြေစိုက် စကစ တပ်ရင်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော် ဆက်လက်ကြိုးပမ်း

ရသေ့တောင်အခြေစိုက် စကစ တပ်ရင်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော် ဆက်လက်ကြိုးပမ်း

AB News – မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်က ပြောသည်။

ထုတ်ပြန်ချက်တွင် “ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်” ဟု မတ်လ ၇ ရက်နေ့ည ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ရသေ့တောင်မြို့ ရှင်တစ်ထောင်ဘုရားတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တိုက်ပွဲဧရိယာမဟုတ်သည့် စေတီပြင်ရွာ စာသင်ကျောင်းနှင့် ဆေးရုံခြံအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်လက်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်ရင်းများကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရမ်းဗြဲမြို့တွင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မြို့တွင်းလက်ကျန်အင်အားနှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိပြီး ကစဉ့်ကလျား ထွက်ပြေးနေကြသည့် စကစတပ်သားများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင်ဒေသစစ်ဆင်ရေး (၁၁၆) ရက်အတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို နောက်ထပ်ကျန်ရှိနေသေးသောရန်သူ့စခန်းများကို ထပ်မံသိမ်းပိုက်ရယူနိုင်ရန် အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ