Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့အဝင်တွင် ဒေသခံများအား စစ်ကောင်စီတပ်ရင်းမှ စစ်ဆေးမှု ပြုလုပ်နေ

ရသေ့တောင်မြို့အဝင်တွင် ဒေသခံများအား စစ်ကောင်စီတပ်ရင်းမှ စစ်ဆေးမှု ပြုလုပ်နေ

(မှတ်ပုံတင်မပါလျှင်ဖြတ်သန်းသွားလာခွင့်မပြု ဟုသိရ)

AB News- နိုဝင်ဘာ ၆ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့ဝင်ဝ ပြားချောင်းကြီးတံတားအနီး စကစ ၅၃၈ တပ်ရင်းမှ ဒေသခံ ပြည်သူများအား စစ်ဆေးမေးမြန်းခြင်းများပြုလုပ်နေပြီး မှတ်ပုံတင်မပါလျှင် သွားလာခွင့်မပြုဟု AB News ကစုံစမ်းသိရှိရသည်။

၎င်းတို့သည် ယနေ့ နံနက်ပိုင်း ၉ နာရီမှ လမ်းသွားလမ်းလာ ဒေသခံ ခရီးသွားပြည်သူများကို မေးမြန်းခြင်းစစ်ဆေးခြင်း ပြုလုပ်ပြီး မှတ်ပုံတင်မပါလျှင် ဖြတ်သန်းခွင့်မပြုကြောင်း ရသေ့တောင်မြို့ခံ တစ်ဦးက AB News သို့ပြောသည်။

” ဒီနေ့မနက်ကစလို့ စစ်ဆေးမေးမြန်းပါတယ်၊ ဘယ်သွားမှာလဲ၊ ဘယ်ကလာလဲ၊ ဘာကြောင့်သွားတာလဲလို့မေးပါတယ်၊ မှတ်ပုံတင်ပြရတယ်၊ ပါမလာရင် ပြန်လွှတ်နေတယ် “ဟု ဆိုသည်။

စစ်ကောင်စီသည် မည်သည့် အတွက်ကိစ္စကြောင့် စစ်ဆေးမေးမြန်းနေသည်ကို မသိရှိရသေးဘဲ၊ ပြည်သူများလည်း စိုးရိမ်နေကြရကြောင်းသိရသည်။

အင်အား ၁၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများအား လိုက်လံမေးမြန်းခြင်းများ နှင့် ကားသမားများအား ခေါ်ပြီးစစ်ဆေးခြင်းရှိနေသည် ဟု ကားသမား ၁ ဦးက ပြောသည်။

” အင်အားတော့ ၁၀ ကျော်ရှိပါတယ်၊ ဂိတ်ဝမှာ ၇ နှစ်ယောက်ရှိတယ်၊ ကျန်တဲ့သူတွေက ကင်းရုံထဲမှာပါ၊ တစ်ချို့သူတွေဆို နောက်ကလိုက်ပြီး မေးတာတွေရှိတယ်၊ ကားသမားတွေလည်း စစ်ဆေးတာတွေရှိတယ်၊ အချိန်ကြန့်ကြာတာပေါ့” ဟု ဆိုသည်။

တစ်ချို့ပြည်တွင်း၌ သွားလာရာတွင် မှတ်ပုံတင်မေ့ကျန်ခဲ့မှုများ ရှိနေသည့်အတွက် ၎င်းဂိတ်မှဖြတ်သန်းသွားလာခွင့် မရ၍ ချောင်း၊ မြစ်များမှ သွားလာနေကြရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ အတွင်းကလည်း စစ်တွေဖက်မှပြောင်းရွှေ့လာသည့် မူဆလင်အမျိုးသား စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ ၅၀ ကျော်သည် ၎င်းတပ်ရင်းသို့ ရောက်ရှိနေပြီး စုဆောင်းထားကြောင်း AB News က စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ