Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့မှ လက်နက်ကြီးဖြင့် ဒုံးပိုက်စခန်းအနီးသို့ လှမ်းပစ်နေ

ရသေ့တောင်မြို့မှ လက်နက်ကြီးဖြင့် ဒုံးပိုက်စခန်းအနီးသို့ လှမ်းပစ်နေ

( မြို့ဝင်ဝ ပြားချောင်းကြီးတံတား ၅၃၈ ဂိတ်အား စကစမှ ပိတ်ထား )

AB News – နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၃

ရက္ခိုင့်တပ်တော် AA မှ ဝင်ရောက်သိမ်းပိုက်နေသည့် ဒုံးပိုက်စခန်းအနီးသို့ ရသေ့တောင်မြို့ စကစ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ကူနေပြီး ရသေ့တောင်မြို့ဝင်ဝ ၅၃၈ ဂိတ်အားလည်း စကစမှ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက ပိတ်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာသို့ စကစ မှ လက်နက်ကြီးလှမ်းကူပစ်နေခြင်း၊ ဂိတ်များကို ပိတ်ထားခြင်းကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြရကြောင်း ​မြို့ခံ တစ်ဦးက AB News သို့ပြောသည်။

“တိုက်ပွဲ ဖြစ်နေတဲ့နေရာကို ရသေ့တောင်မြို့ကနေပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်၊ မြို့ဝင်ဝဂိတ်လည်း ပိတ်ထားပြီ” ဟု ဆိုသည်။

ယခုလှမ်းပစ်ကူနေသည့်အတွက် ရသေ့တောင်မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိသည့်အပြင် လမ်းသွားလမ်းလာသူများ နည်းပါးသွားကြောင်းသိရ သည်။

ထို့အပြင် စကစတပ်စွဲထားသည် ရသေ့တောင်မြို့နယ် အောင်သာစည်အနီးရှိ တောင်ပေါ် မှ လက်နက်ကြီးများဖြင့် တစ်ပြိုင်နက်ပစ်ခတ်နေသည် ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA စစ်ကောင်စီ၏ ဒုံးပိုက်စခန်းကို ဦးစွာသိမ်းပိုက်ထားပြီး ၂ ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားလျက်ရှိဟု သိရသည်။

ဓာတ်ပုံ-ရသေ့တောင် စစ်ကောင်စီတပ် ဂိတ်အားတွေ့ရစဥ်/AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ