Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့မှ မိုင်းထိဒဏ်ရာရသူ ၂ဦး ဆေးကုသရန် အရေးပေါ်အကူအညီလိုအပ်နေ

ရသေ့တောင်မြို့မှ မိုင်းထိဒဏ်ရာရသူ ၂ဦး ဆေးကုသရန် အရေးပေါ်အကူအညီလိုအပ်နေ

AB News- ဇန်နဝါရီ ၄၊၂၀၂၄

ရသေ့တောင်မြို့မှ စစ်ကောင်စီအဖွဲ့က ထောင်ထားသည့်မိုင်းကို နင်းမိပြီး ဒဏ်ရာရသူ ၂ ဦးမှာ ဆေးကုသရန် ငွေကြေးအရေးပေါ်အကူအညီများလိုအပ်နေကြောင်း AB News မှစုံစမ်းသိရှိရသည်။

ရက္ခိုင်​​ပြည်၊ ရသေ့တောင် မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှထောင်ထားသော မိုင်းကိုနင်းမိ၍ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ဇန်နဝါရီလ ၁ရက်နေ့က ၁ဦးနှင့် ဇန်နဝါရီလ ၃ရက်နေ့တွင် ၁ဦး ခြေထောက်ပြတ်သွားခဲ့သည်။

ဇန်နဝါရီလ ၁ရက် ညနေ ၃နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ နွားရှာရန်သွားသော အသက် ၅၅ နှစ်အရွယ် ဦးကိုးလမှာ စစ်ကောင်စီအဖွဲ့က ထောင်ထားသောမိုင်းကို နင်းမိ၍ ဘယ်ဖက်ခြေထောက်ဒူးရင်းမှနေ၍ ပြတ်ထွက်သွားခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၃ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ငါးရှာသွားသူ အသက် ၂၂ နှစ်အရွယ် ဦးမောင်ဆန်းလင်းမှာ ညာဖက်ခြေထောက် ၁ဖက် ပြတ်ထွက်သွားပြီး ဘယ်ဘက်ခြေထောက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့ထောင်ထားသော မိုင်းကိုနင်းမိ၍ ခြေထောက်ပြတ်သွားသော အမျိုးသား ၂ဦးမှာ လက်ရှိတွင် ရသေ့တောင် မြို့နယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူရလျက်ရှိပြီး ၎င်းတို့ကို ဆေးကုသရန် ငွေကြေးအရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။

၎င်းမိုင်းထိဒဏ်ရာရရှိခဲ့သူများမှာ ပင်ပန်းဆင်းရဲ၍ ငါးရှာ၊ နွားကျောင်း စသော ကျဘမ်းလုပ်ကိုင်စားသောက်နေရသူများဖြစ်ပြီး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသခံယူရာတွင် ​ငွေကြေးအခက်အခဲများရှိနေသည်ဟု နီးစပ်သူ ၁ဦးက ပြောသည်။

“မိသားစုက အလွန်ဆင်းရဲတယ်။ နွားအငှားကျောင်း၊ ငါးရှာပေးလို့ ရတဲ့ငွေတွေနဲ့ဘဲ ဝေငှစားနေရတာ။ ခုတော့ ခြေထောက်ပြတ်ပြီး ဆေးရုံရောက်နေတော့ ဆေးကုသစရိတ်မရှိဘူး။ အရမ်းကိုအခက်အခဲ ဖြစ်နေပါတယ်” ဟုဆိုသည်။

စစ်ကောင်စီအဖွဲ့များသည် ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားပြည်သူများလုပ်ကိုင်စားသောက်နေရာများ၊ လယ်ကွင်းများနှင့် လမ်းများတွင် မိုင်းများထောင်ထားလျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ