Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲသား ၁၆ ယောက်ကို စကစ စစ်သားများ ဖမ်းဆီးသွား

ရသေ့တောင်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲသား ၁၆ ယောက်ကို စကစ စစ်သားများ ဖမ်းဆီးသွား

AB News – နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည် ရသေ့တောင်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲသား ၁၆ ယောက်ကို စကစ စစ်သားများက ၅၃၇ တပ်ရင်းသို့ စစ်ကားဖြင့်

ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

၎င်းတို့ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့မရဲစခန်းသို့လာပြီးဖမ်းခေါ်သွားကြောင်း ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“ညနေ ၄နာရီလောက်မှာ စကစတပ်ဖွဲ့ဝင်တွေက ရဲစခန်းကိုရောက်လာတယ်၊ ကားနဲ့ဖမ်းဆီးသွားတယ်” ဟုဆိုသည်။

စကစတပ်ဖွဲ့များသည် မည်သည့်ကိစ္စကြောင့်လာရောက်ဖမ်းဆီးသွားသည်ကို မသိရှိရသေးပေ။

၎င်းတို့ဖမ်းဆီးပြီးနောက် စကစ တပ်ရင်း ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်း ၃ ခုပေါင်းထားသည်ဟု သိရသည်။

ထို့အ​ပြင် စစ်ကောင်စီတပ်ရင်းများသည် မီးစက်ကြီးတွင် လုံခြုံရေးအပြည့်ချထားကာ စေတီတောင်၊ ရှင်တစ်ထောင်၊ သင်္ဘောတောင်တို့တွင် အဓိကနေရာယူထားကြောင်း AB News က စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် မီးစက်ကြီးအတွင်းနေရာယူထားသည်သာမက ရုံးထဲရှိသည့် လျပ်စစ်ဝန်ထမ်းများကိုလည်း ပြန်လွှတ်လိုက်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စကစတွေက မီးစက်နဲ့ တခြားကုန်းတွေကို နေရာယူထားတယ်၊ မီးလိုင်းဖြတ်ဖို့ကြိုးစားနေတယ်၊ ရုံးတွင်းမှာလုပ်ကိုင်နေတဲ့သူတွေကိုလည်း စကစက သူတို့ကိုပြန်လို့ပြောတယ် ၊ မင်းတို့သွားလို့ရပြီ ပြောလိုက်တယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့တွင် ၇ နာရီ ၁၀ မိနစ်ကျော်ခန့်က မီးခဏပြတ်သွားပြီး ၇ နာရီ မိနစ် ၂၀ တွင်မီးပြန်ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓားအားလိုင်းများအား ဖြတ်တောက်လျှင် ၎င်းတို့ရပ်ကွက်များသို့ အလွယ်တကူသွားလာနိုင်ပြီး ဖမ်းချင်သူဟူသမျှဖမ်းယူသွားနိုင်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင်လည်း စကစ တပ်ဖွဲ့ဝင်တို့သည် စစ်ဘေးရှောင်စခန်းသို့ သွားပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်နလျက်ရှိနေသည်။

ထို့အပြင် မြို့ထဲတွင် လက်နက်များကိုင်ပြီး လမ်းသွားလမ်းလာ ရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ