Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံး

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် တောင်လှမော်ကျေးရွာတွင် အမျိုးသား ၁ ဦး မိမိကိုယ် ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်းသိရသည်။

၎င်းမှာ အဖ ဦးလှစံထွန်း၊ အမိ မကျန်သိန်း၏သား ပေါ်ထွန်းနိုင် အသက် ၃၀ဖြစ်ပြီး ၎င်း၏ မိဘ နေအိမ်တွင် ယမန်နေ့ညနေ ၇ နာရီခွဲက ကြိုးဆွဲချသေဆုံးသွားခဲ့သည်။

၎င်းသည် ရန်ကုန်နှင့်ကချင်ပြည်ဖက်သို့ အလုပ်သွားလုပ်ခဲ့ပြီး ရွာကိုပြန်လာသည့်အခါ ကျန်းမာရေးမကောင်းဖြစ်လာခြင်း၊ စိတ်ကျန်းမာရေး ထိခိုက်မှုများရှိခဲ့ကြောင်း ၎င်း၏အစ်ကိုတော်စပ်သူ ဗောဓိသုခဆရာတော်က ABN သို့မိန့်သည်။

“သူက ကချင်၊ ရန်ကုန်ကို အလုပ်လုပ်ဖို့သွားတယ်၊ အဆင်မပြေလို့ရွာကိုပြန်လာတယ်၊ ကျန်းမာရေးမကောင်းဖြစ်လာတယ်၊ သူ့ကိုတစ်ခုခုမေးရင် သိသလိုလို မသိသလိုလို နေတယ်၊ သူပြောရင်လည်း မျက်လုံးပြူးပြူး နဲ့ကြည့်တယ်” ဟု ဆိုသည်။

၎င်းမှာ ဇနီးဖြစ်သူနဲ့ စကားများပြီး ကွဲနေသည်မှာ လခွဲခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူအလောင်းကို ယနေ့ မွန်းလွဲ ၁ နာရီကျော်တွင် ရသေ့တောင်မြို့ သုဿာန်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရသေ့တောင်မြို့နယ် အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ