Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ ရွာသားတစ်ဦး မိုင်းနင်း၍ ဘယ်ခြေထောက်ပြတ်သွားသည်ဟုသိရ

ABN-ရှိုင်းမိုး

ယနေ့မနက်က ရခိုင်ပြည် ရသေ့တောင်မြို့နယ် စေတီပြင်အရှေ့ရွာမှ ရွာသားတစ်ဦးမိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ်သွားသည်ဟုသိရသည်။

မိုင်းနင်းမိသူမှာ စေတီပြင်အရှေ့ရွာမှ အသက် ၃၈နှစ်အရွယ် ဦးအောင်စံဌေးဖြစ်သည်ဟုသိရသည်။

ယနေ့ နံနက် ၉နာရီကျော်အချိန်တွင် စိုက်ခင်းတွင် ဝါးလိုအပ်နေသည့်အတွက် မယူတောင်ထဲသို့ဝါးခုတ်ရန်သွားစဥ် မိုင်းနင်းမိခြင်းကြောင့် ဘယ်ဖက်ခြေထောက်တဖက် ပြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အခုအချိန်က စိုက်ခင်းစိုက်ပျိုးတဲ့အချိန်ဖြစ်ပါတယ်၊ စိုက်ခင်းမှာ ကာဖို့အတွက် ဝါးလိုအပ်လို့ ဝါးသွားခုတ်တာပါ၊ သူတို့မှာက စိုက်ခင်းစိုက်လို့ရှိပါတယ်၊ အဲဒါကြောင့် ဝါးခုတ်သွားတယ်ထင်ပါတယ်၊ ၉ နာရီကျော်လောက်ရောက်တော့ မယူတောင်ထဲက မိုင်းကွဲသံကြားလိုက်ပါတယ်” ဟုစေတီပြင်ရွာသားတစ်ဦးက ပြောသည်။

လူနာ၏ ဒဏ်ရာအသေးစိတ်အခြေအနေကိုမူ ABN က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၁၂ နာရီခန့်အချိန်တွင်လည်း ကျောက်တော်မြို့နယ် လမ်းမတော် ရွာမှ အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင် (ခ) မောင်ချေမှာ ၎င်းတို့ရွာအနီးရှိ စစ်ကောင်စီ ၃၇၄ တပ်ရင်းတပ်စွဲထားသည့် တောင်သို့ ထင်းသွားခွေရာတွင် မိုင်းနင်းမိ၍ ညာဖက်ခြေတစ်ဖက်ပြတ်သွားခဲ့သည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ ရွာသားတစ်ဦး မိုင်းနင်း၍ ဘယ်ခြေထောက်ပြတ်သွားသည်ဟုသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ