Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် စေတီပြင်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေ

ရခိုင်ပြည် ၊စစ်တွေခရိုင် ၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများ၌ စစ်ရှောင်ဦးရေ အသစ်များ ထပ်တိုးလာသဖြင့် စားနပ်ရိက္ခာ များအရေးပေါ်လိုအပ်နေသည်ဟု သိရှိရသည်။

လက်ရှိမှာစစ်ဘေးရှောင်စခန်း ၄ နေရာရှိတယ်။ အသစ်ထပ်တိုးလာသော စစ်ရှောင်ဒုက္ခသည် ၅၀၀ ကျော်ရှိနေတယ် ။ နေရပ်သွားလိုက် စစ်ဘေးကြောင့် ပြန်လာလိုက်နဲ့ အတိအကျတော့မပြောနိုင်သေ းဘူး။ ဒါပေမယ့်နေရာထိုင်ခင်းတွေမလုံလောက်သဖြင့် သူ့တို့၏ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြပြီး စားဝတ်နေရေးအခက် အခဲများဖြင့်ရုန်းကန်နေရသည်ဟု ပြောသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရွာတွင် စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး ထိုစစ်ဘေးရှောင်စခန်းများတွင် ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်ဦးရေများ တိုးလာလျက်ရှိနေသည်။

ယခုအခါ စေတီပြင်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင် ဦးရေ ၅၀၀ ကျော်ထိ ရှိနေကြောင်း စခန်းတာဝန်ခံကပြောသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေသောကြောင့် စစ်ဘေးရှောင်လာသူ များလာရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံကပြောသည်။

စစ်ဘေးရှောင်ရန် ရွာကိုစွန့်၍ ပြေးလာကြရသော်လည်း စစ်ဘေးရှောင်စခန်းများမှာ စားနပ်ရိက္ခာ လုံလောက်မှုမရှိ၍ လက်မခံနိုင်ဘဲ ပြန်လွှတ်နေရကြောင်းသိရသည်။

အချို့မှာ ဆွေမျိုးများနေအိမ်များတွင် ခေတ္တတည်းခို၍ အဆင်ပြေသော်လည်း ဆွေမျိုး အသိမိတ်ဆွေများမရှိသည့် မိသားစုများမှာ နေထိုင်စရာနေရာမရှိဖြစ်နေရကြောင်း စုံစမ်းချက်အရသိရသည်။

စစ်ဘေးရှောင်ရန် ထွက်ပြေးလာကြသည့် ရွာများမှာ ရေစိုးချောင်း၊ အောင်မြေကုန်း၊ ရေမျက်၊ အမျက်တောင်၊ ကုလားချောင်း၊ ရက်ခုန်တိုင် ၊ မညှင်းတောင်၊ ထီးစွဲ ၊သမီးလှဟောင်း၊ ပြိန်းတော၊ သမီးလှသစ်၊ မောင်ဖြူရွာ၊ အိုးဖောက်၊ ကျောက်ပြင်ဆိပ်၊ သာစေ၊ သိန်တောင်၊ စဖိုကျွန်း၊ ဗောဓီကုန်း၊ အောင်သာစေ၊ အုန်းချောင်း၊ ကျောက်တန်း နှင့် ဇီးခေါင်း ရွာများမှဖြစ်သည် ဟုသိရသည်။

ဆန်တွေအရမ်းလိုအပ်နေတယ်။ လူဦးရေပိုများလာတဲ့အတွက်ပိုပိုပြီးလိုလာတယ် ။ ဆောင်းရာသီဆိုတော့ အနွေးထွေး များလိုအပ်နေ၍ ကျန်းမာရေးစောက်ရှောက် မှုတွေလည်း လိုအပ်နေသည်ဟု သိရသည်။

စစ်ဘေးရှောင်စခန်းများသည် ယခင်က ICRC မှ စားနပ်ရိက္ခာများ ထောက်ပံ့မှုပေးခဲ့သော်လည်း ယခုအချိန်တွင် ပံ့ပိုးကူညီမှုများမရှိတော့၍ အခက်တွေ့နေကာ စစ်ကောင်စီမှ စေတီပြင်သို့သွားရာ ရေလမ်းကြောင်းကို ပိတ်ဆို့ထားမှုကြောင့် အဆက်အသွယ်ပြတ်၍ အစစအရာရာ ဖူလုံမှုမရှိ ဖြစ်နေကြရခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက် နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ