Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောတွင် အမျိုးသားတစ်ဦး BE အရက်ဖြူဆီသောက်၍ သေဆုံး

ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောတွင် အမျိုးသားတစ်ဦး BE အရက်ဖြူဆီသောက်၍ သေဆုံး

ABN-ဟိန်းထွန်း

အောက်တိုဘာ ၈ ရက်

ရခိုင်ပြည် ၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာတွင် အမျိုးသားတစ်ဦးသည် BE အရက်ဖြူဆီသောက်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အဖဦးလှစောဖြူ၏သား အသက် ၅၀ ကျော်အရွယ် ဦးသန်းလှိုင်ဖြစ်ပြီး ကျွန်းပေါ် ပေါက်တော ဇာတိဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ဇနီး ဒေါ်သန်းမေရီကို ဆရာမဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရက္ခိုင့်တပ်တော်မှခါ်ယူ မေးမြန်း စစ်ဆေးနေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ယမန်နေ့ညက ရွာမှလူများကို ပေါက်တောနှင့် တစ်ဖက်တစ်ကမ်းရှိ ခွဆုံရွာသို့ ကူးတို့ပို့ခဲ့ပြီး ယင်းရွာထဲမှ ပြန်လာချိန်တွင် အရက်ဆိုင်တစ်ခုမှ BE အရက်ဖြူဆီ ဝယ်ယူလာသည်ကိုဆိုင်ရှင်မှ ၎င်း၏ဆွေမျိုးများသို့ အသိပေးလိုက်ကြောင်း နီးစပ်သူ တစ်ဦးက ABN သို့ ပြောသည်။

“သူက ရွာကလူတွေကို ခွဆုံရွာဖက်ကို ကူးတို့တင်ပို့တယ်၊ ပြီးတော့ အဲဒီရွာက BE အရက်ဖြူဝယ်ပါတယ်၊ ကျနော်သောက်ဖို့ဝယ်တာမဟုတ်ဘူး၊ လူတစ်ယောက်မှာ ဆောင်းပါးမှာလိုက်တာပါလို့ သူကပြောပါတယ်၊ ဆိုင်ပိုင်ရှင်ကလည်း မသင်္ခါလို့ဆိုပြီး သူ့ရဲ့ ဆွေမျိုးတွေကို အသိပေးလိုက်ပါတယ်” ဟု ဆိုသည်။

BE အရက်ဖြူဆီသည် မီးလိုက်အရက် တစ်မျိုးဖြစ်ပြီး ထိုအရက်ဖြူ တပုလင်းမှာ ရေကျက်အေး ၄ လီတာမျှရောနှောပြီး သောက်သုံးရကြောင်း သိရသည်။

ဆိုင်ပိုင်ရှင်က အသိပေးပြီးနောက် ၁၅ မိနစ်ကြာမြင့်နေသည့်အတွက် ၎င်း၏ယောက်ဖဖြစ်သူသည် ချောင်းတစ်ဖက်ကမ်းသို့ လက်ဖြင့်ကူး၍ ရှာဖွယ်ခဲ့ရာတွင် အုန်းတောထဲတွင် လဲနေသည်ကိုတွေ့ကြောင်း၎င်းမှဆက်၍ ပြောသည်။

“အချိန်ကြာလာတဲ့အတွက် သူ့ရဲ့ယောက်ဖဖြစ်သူက ချောင်းတစ်ဖက်ကို လက်နဲ့ကူးလို့သွားပါတယ်၊ သူ့ကိုရှာတဲ့အခါ အုန်းတောထဲမှာတွေ့တယ်၊ ပါးစပ်မှာလည်း အမြှုပ်တွေနဲ့ဆိုတော့ ရွာက ဆွေမျိုးတွေ လှမ်းခေါ်ပြီး ရသေ့တောင်ဆေးရုံကိုပို့လိုက်တယ်” ဟု ဆိုသည်။

ရသေ့တောင် ဆေးရုံသို့ရောက်ချိန်တွင် ဆေးကုသမှုခံယူရင်း ၅ မိနစ်ဝန်းကျင်ခန့်တွင် အသက်သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အရက်သောက်တတ်သူတစ်ဦးဖြစ်ပြီး ခေါင်းမူးတတ်၍ ရသေ့တောင်ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးကုသမှု အကြိမ်ကြိမ်ခံယူခဲ့ရဖူးသည်ဟု သိရသည်။

ဆေးရုံမှပြန်လာချိန်၌ စိတ်အနည်းငယ် လွတ်နေသည့် သူတစ်ယောက်ဖြစ်သည့် အပြင် သား၊ မယား ကိုပင် သေသေချာချာ မမှတ်မိတော့သည့်အတွက်ကြောင့် မိသားစုများက ဝိုင်းဝန်း၍ စောင့်ရှောက်နေရသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ