Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် ကျောက်ပန်းတူလမ်းတွင် သုံးဘီး တစ်စီးတိမ်းမှောက်၍ မိသားစု ၆ ယောက် ဒဏ်ရာပြင်းထန်ရ၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အောက်ဆီဂျင်တပ်၍ စစ်တွေဆေးရုံသို့ပို့နေ

ရသေ့တောင်မြို့နယ် ကျောက်ပန်းတူလမ်းတွင် သုံးဘီး တစ်စီးတိမ်းမှောက်၍ မိသားစု ၆ ယောက် ဒဏ်ရာပြင်းထန်ရ၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အောက်ဆီဂျင်တပ်၍ စစ်တွေဆေးရုံသို့ပို့နေ

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ခွဆုံရွာဇာတ်ပွဲသို့ စျေးရောင်းရန်သွားသည့် အမျိိုးသားတစ်ဦး နှင့် အမျိုးသမီး ၅ ဦးပါသည် မိသားစုသည် ကျောက်ပန်းတူ -စေတီပြင်လမ်းအဆင်းတွင် တိမ်းမှောက်သွားခဲ့ပြီး ဒဏ်ရာပြင်းထန်ရသွားကြောင်း သိရသည်။

၎င်းတို့သည် စစ်တွေမှ ရသေ့တောင်သို့ စျေးရောင်းရန်သွားရာ ရသေ့တောင်နယ် မောင်တော -ကျောက်ပန်းတူလမ်းအဆင်းတွင် စက်အရှိန်မထိန်းနိုင်၍ တောင်ပေါ်မှ ပြုတ်ကျခဲ့သည်ဟု စေတီပြင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုအောင်မင်းစိုးက ABN သို့ပြောသည်။

“သူတို့လာတဲ့အချိန်က မနက် ၉ နာရီဖြစ်ပါတယ်၊ သူတို့ခွဆုံရွာဇာတ်ပွဲမှာ စျေးရောင်းဖို့လာတာပါ၊ သူတို့က ဒီမောင်တော -ကျောက်ပန်းတူလမ်းက ကျော်လာတယ်၊ ကျောက်ပန်းတူစေတီပြင်အဆင်းမှ စက်အရှိန်မထိန်းနိုင်လို့ ပြုတ်ကျသွားတယ်” ဟုဆိုသည်။

ထိခိုက်ဒဏ်ရာရသူများသည် တစ်မိသားစုလုံးဖြစ်ပြီး အဖ ဦးမောင်လတ်၊ အမိ ဒေါ်သန်းမေ သမီးအလတ် နွယ်နွယ် သားလတ်သားသား ၊၁၁တန်းကျောင်းသူ မသန်းအေး နှင့်အငယ်ဆုံးသမီး ကွက်ကွက်ချေဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရသူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသားတစ်ဦး ကို စစ်တွေဆေးရုံသို့ အရေးပေါ်ပို့လိုက်ရကြောင်း ၎င်းမှဆက်ပြောသည်။

“လူက ၆ ယောက်ပါ၊ အမျိုးသမီးက ၅ယောက် အမျိုးသားတစ်ယောက်ဖြစ်ပါတယ်၊ အမျိုးသားကတော့ ဒဏ်ရာပြင်းပါတယ်၊ လုံးဝလှုပ်လို့မရဘူး၊ အောက်ဆီဂျင်တွေပေးပြီး စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးလိုက်ရတယ်၊ နောက်အမျိုးသမီးတစ်ယောက်တော့ လှုပ်လို့တော့မရဘူး၊ ဒါပေမယ့် နည်းနည်းတော့ အဆင်ပြေတယ်၊ ခါးနာသွားတယ်” ဟု ဆိုသည်။

၎င်းတို့ထဲတွင် အမျိုးသား နှင့် ၁၁ ကျောင်းသူ မနွယ်နွယ်တို့သည် ဒဏ်ရာပြင်းထန်းကြောင်းသိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မိသားစုဝင်များအားဆက်သွယ်ခဲ့သော် ၎င်းမိသားစုများသည် ဆေးရုံသို့လိုက်ပို့နေ၍ အချိန်ခဏလောက်စောင့်ပေးစေလိုကြောင်း ယခုတွင်အရေးပေါ်သွားနေရသည်ဟု ပြောသည်။

ဓာတ်ပုံ-အောင်မင်းစိုး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ