Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်ရှိ ရွာ၅၀ ကျော်ကို ULA/AA ၏ ကျန်းမာရေး ဝန်ထမ်းများမှ နေ့စဥ်ရက်ဆက် ဆေးကုသပေးလျှက်ရှိ

ABN-ရှိုင်းမိုး

ဇူလိုင် ၂၀ရက်

ရခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ ရွာ ၅၀ ကျော်ကို ULA/AA၏ ကျန်းမာရေး ဝန်ထမ်းများမှ ဦးဆောင်ပြီး လူမျိုး ဘာသာမရွေး နေ့စဥ်ရက်ဆက် ဆေးကုသပေးလျက်ရှိကြောင့် Cyclone Mocha ERRCA မှ ယနေ့ ထုတ်ပြန်လိုက်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း မတိုင်မီကာလမှစ၍ မုန်တိုင်းတိုက်ပြီးသည့် ယနေ့အချိန်ထိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်တိုက်ဆောက်ရွက်လျှက်ရှိနေကြသည်ကိုတွေ့ရသည်။

ရသေ့တောင်မြို့နယ်မှ ရေကောင်းချောင်း၊ အောင်ဆိပ်၊ ဆင်ခုံးတိုင်(မူဆလင်ရွာ)၊ သက်ပြေကျ၊ ခရုချောင်း၊ မင်းဖူး၊ အုန်းချောင်း၊ ဇေယျာမြိုင်၊ အိုးဖောက်၊ အာကာတောင်(မူဆလင်ရွာ)၊ ကံဆိပ်(မူဆလင်ရွာ)၊ ကုန်တန်း၊သမီးလှ(ရွာသစ်)၊ သမီးလှ(ရွာဟောင်း)၊ ပြိန်းတော၊ င/စံဘော်၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ရီမျက်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း၊ ဒိုးဝေချောင်း၊ ကြိမ်တန်း၊ မှန်နီပြင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင်၊ အောက်ကျောင်းတောင်၊ခမောင်တုံး၊ကညင်ချောင်း၊ကျွန်းပေါ်ပေါက်တော၊ အောင်သာယာ၊ ကျုံးပြင်၊ ရွှီကံပြင်၊ နေဗီဆိပ်၊ ဆင်အိုး၊ သစ်ကတိုး၊ မီးကျောင်းရီသောက်၊ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ မိညိုထောင့်၊ လုံးတင် အစရှိသော ရွာပေါင်း (၅၀) ကျော်ကို နေ့စဉ်ရက်ဆက် ဆေးကုပေးနေကြသည်။

ရခိုင်ပြည်တွင်း မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင်လည်း ULA/AA ဝန်ထမ်းများမှ ပြည်သူများ၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးစသည့်အရာများကို လုပ်ဆောင်ပေးနေသည်။

ရသေ့တောင်မြို့နယ်တွင်လည်း ဇူလိုင်လအစောပိုင်းက ပြည်သူများ၏ လယ်ယာမြေကို AA ဝန်ထမ်းများမှ ကူညီလုပ်ဆောင်ပေးနေသည်ကိုတွေ့ရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ၁ လကျော်အကြာတွင်လည်း AA တပ်ဖွဲ့များသည် ပြည်သူများပူပေါင်း၍ မြောက်ဦးနယ်၊ ကျောက်တော်နယ် စသည့်နေရာများတွင်ရှိအဝေးပြေးကားလမ်းတလျှောက် အရိပ်ရသစ်ပင်များ စိုက်ပျိုးလျှက်ရှိကြကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ