Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်ရှိ ရွာ ၆ ရွာသို့ ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်မှ သံဃာတော်များ ဆန်ရိက္ခာများပေးလှူ

ABN-ကိုဟိန်းထွန်း

ဇွန် ၈ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ရွာ ၆ ရွာတွင်ရှိသော မုန်တိုင်းဒဏ်ခံပြည်သူများသို့ ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင် သံဃာတော်များဦးဆောင်​သော အဖွဲ့အစည်းမှ ဆန်ရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပေးရာတွင် ဆန်၊ အဝတ်ထုတ်၊ တာပေါ်လင်၊ မာမီးခေါက်ဆွဲခြောက်ထုတ်များပေးခဲ့ကြောင်းသိရသည်။

၎င်းအဖွဲ့သည် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဝေးလံခေါင်ဖျားသောဒေသများသို့သွားရောက်ခဲ့ပြီး လိုအပ်သည့်အရာများကို ပေးလှူခဲ့ကြောင်း ပရဟိလုပ်ကိုင်နေသူ ကိုအောင်မင်းစိုးက ABN သို့ပြောသည်။

“ကျနော်တို့က မနက်ပိုင်းကစထွက်ပါတယ်၊ လူသူမရောက်တဲ့နေရာကို အဓိကသွားပါတယ်၊ လိုအပ်တဲ့အရာတွေကို ပေးလှူပါတယ်” ဟုဆိုသည်။

တစ်အိမ်ထောင်လျှင် ဆန် ၁ တောင်း၊ တာပေါ်လင် ၁၃ ပေ ၆ ပေ တစ်ချပ်၊ မာမီ ၁၀ထုတ်နှင့် အဝတ်၅ ထုတ်ကိုမျှဝေပေးခဲ့သော သဇင်မြိုင်ရွာ၊ ပိတောက်မြိုင်ရွာ၊ ပြင်ရှည်ရွာ၊ ချွတ်ပြင်ရွာ၊ သာယာကုန်းရွာ၊ ပေါက်ပင်ရင်းရွာ များဖြစ်ကြောင်းသိရသည်။

မုန်းတိုင်းသင့်ပြည်သူများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခြင်းက ပိုကောင်းသော်လည်း ခရီးစရိတ်များကြီးနေသည့်အတွက်ကြောင့်လည်း အခက်အခဲတွေ့နေရကြောင်း ၎င်းမှ ဆက်၍ပြောသည်။

“တကူးတကသွားလှူရတာကောင်းပါတယ်၊ ခရီးစရိတ်တွေကကြီးတော့ ကူညီတဲ့သူတွေလည်း အခက်အခဲတွေ့ ရပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွက်လည်း အမှန်တကယ်လိုအပ်နေသည့် အနီးအနားရှိပြည်သူများသို့ တတ်နိုင်သလောက် ဆန် ၁ တောင်းစီ လှူတန်းထားကြောင်းသိရသည်။

စစ်ကောင်စီက ခရီးသွားလာခွင့်ပြုထားသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများကို ကူညီကယ်ဆယ်ရေးပေးရန် သွားလာခွင့်ကို ဇွန်လ ၇ ရက်နေ့က စတင်ပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည် နယ်လုံဝန်ကြီးလက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ