Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်ရှိ စစ်ဖက်နှင့်မသက်ဆိုင်သည့် ကျေးရွာအချို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ဖက်နှင့်မသက်ဆိုင်သည့် ကျေးရွာအချို့ကို ယနေ့၊ ညနေ ၇ နာရီ ၁၅ မိနစ်မှစတင်ကာ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များ တစ်စီးပြီးတစ်စီး မရပ်မနားလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်သည်။

​ယနေ့ ညနေ ၇ နာရီ ၁၅ မိနစ်မှ စတင်ကာ ရသေ့တောင်မြို့နယ်ရှိ ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများကို တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီသည် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ် ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ယနေ့ညနေပိုင်းမှစတင်ကာ မရပ်မနားဆက်တိုက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏စခန်းများအား အသည်းအသန်ခုခံကာကွယ်လျက်ရှိသည်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန်သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီသည် ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်အား စတင်လျက်ရှိသည်။

ထို့အပြင် ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ စစ်အင်အားများ ပစ်ခတ် ဖျက်ဆီးလျက်ရှိသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ