Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၁၆ နှစ်အရွယ်ဆယ်ကျော်သက် ၁ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၁၆ နှစ်အရွယ်ဆယ်ကျော်သက် ၁ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

AB News – မတ်လ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ညောပင်ကြီးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာ ပြင်းထန်ရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ ညောင်ပင်ကြီးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်နေမျိုးဝင်း၊ အသက် ၃၅ နှစ်အရွယ် ဦးကျော်မြင့်၊  ဒေါ်မြသန်းနုနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေစိန်နုတို့ဖြစ်ကြောင်း သိရသည်။

ပါဒလိတ်အ​ခြေစိုက် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ က ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ညောင်ပင်ကြီးရွာသို့ လက်နက်ကြီး ၄ လုံးထက်မနည်းပစ်ခတ်ခဲ့ရာမှ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထဲမှ လက်နက်ကြီးတစ်လုံးမှာ ညောင်ပင်ကြီးရွာသို့ ကျရောက်ပေါက်ကွဲဲပြီး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ပါဒလိတ်တပ်ရင်းကလှမ်းပစ်တာပါ။ ၁ လုံးက ရွာထဲမှာ ပေါက်ကွဲတယ်။ အိမ်မှာရှိနေတဲ့ သူတွေကို လက်နက်ကျည်စ ထိမှန်သွားတယ်” ဟု ဆိုသည်။

ဒဏ်ရာရရှိသူများထဲတွင် ဒေါ်ရွှေစိန်နုနှင့် မောင်မျိုးဝင်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ရသေ့တောင်မြို့အား မတ်လ ၁၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သည့် မြို့ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ် ဆုံးရှုံးခဲ့ရသည့် မြို့နယ်များအား မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူအများအပြား သေဆုံး ဒဏ်ရာရမှုများ ရှိနေသည်။

ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာ ၂ စီးဖြင့် မြေပုံမြို့နယ် ညောင်ကန်ရွာသို့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး၊ ကိုရင်ငယ် ၁ ပါးအပါအဝင် အရပ်သား​ ၅ ဦးထက်မနည်းဒဏ်ရာရရှိပြီး  အိမ်ခြေအများအပြားပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ-ရသေ့တောင်မြို့နယ် ညောင်ပင်ကြီး (မူဆလင်ရွာတွင် မိုခါမုန်းတိုင်းကြောင့် မူဆလင်ဘာသာရေးစာသင်ကျောင်း ပျက်ကျနေသည်ကို တွေ့ရစဥ် /Tun Thar/ABN

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ