Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငယ် ၁ဦးသေဆုံးပြီး နေအိမ်များစွာ မီး‌လောင်ပြာကျခဲ့ရ

ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငယ် ၁ဦးသေဆုံးပြီး နေအိမ်များစွာ မီး‌လောင်ပြာကျခဲ့ရ

AB News – ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လူငယ် ၁ဦး သေဆုံးခဲ့ရပြီး လူနေအိမ်အချို့ လည်း မီးလောင်ပြာကျခဲ့ရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ လူငယ် ၁ဦး သေဆုံးခဲ့သည်။

ထို့အပြင် ရသေ့တောင်မြို့နယ်တွင် တောင်ဦးစေတီအနီးရှိ နေအိမ် ၅ဆောင်ထက် မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁နေ့တွင် စစ်ကောင်စီအဖွဲ့က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရသေ့တောင်မြို့နယ်မှ လူငယ် ၁ဦး သေဆုံးခဲ့ရပြီး လူနေအိမ်အချို့ မီးလောင်ပြာကျခဲ့ရသည်ဟု ရသေ့တောင်မြို့ခံသား ၁ဦးက ပြောကြားသည်။

“ဒီကရွာတွေကို စစ်ကောင်စီက နေ့တိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ မနေ့က ရသေ့တောင်မြို့ရဲ့ နေရာ အတော်များများ ဗုံးကြဲတိုက်ခိုက် ခံခဲ့ရတယ်။ ကူတောင်ရွာက လူငယ် ၁ဦး သေဆုံးခဲ့တယ်။ အခြားနေရာတွေမှာ နေအိမ်တွေ ပျက်စီးခဲ့ရတယ်။ ရွာသားတွေဟာ အလွန်ကြောက်ရွံ့နေကြတယ်” ဟု ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် နေ့လည်အချိန်တွင်လည်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာနှင့် ရွှေလောင်းတင်ကျေးရွာမှ နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များနည်းတူ ပြုလုပ်နေသည်ဟု ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ