Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီမှ စခန်း ၂ ခုရုပ်သိမ်းပြီး စစ်တွေဖက်သို့ ထွက်ပြေး

AB News – နိုဝင်ဘာ ၂၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ အငူမော်တပ်စခန်း နှင့် တောင်ဦးတပ်စခန်း ၂ ခုအား ရုပ်သိမ်းပြီး စစ်တွေဖက်သို့ ဇက်ဖြင့် ထွက်ပြေးသွားကြောင်း အငူမော်ရွာ ဒေသခံတစ်ဦးက AB News သို့သတင်း ပေးပို့လာခဲ့သည်။

တောင်ဦးစခန်းမှ စကစ တပ်သား ၅၀ ကျော်သည် စခန်းရုပ်သိမ်းပြီး အငူမော်စခန်းသို့ ရောက်ရှိလာသည်မှာ တစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ရက်နေ့ ည ၈ နာရီကျော်တွင် ၎င်းစခန်းမှ စကစ တပ်သား ၁၀ဝ ကျော်အား ဇက်ဖြင့် စစ်တွေဖက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“တပ်စခန်း ၂ ခုပေါင်းထားတယ်၊ စကစ တပ်သား ၁၀၀ ကျော်လောက်ကို ဇက်ပေါ်တင်တယ်၊ စစ်ကား ၉ စီးလည်းပါတယ်၊ စစ်တွေဖက်ကို ခေါ်ယူသွားပါတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့စခန်းကို ရုပ်သိမ်းခဲ့သော်လည်း မိုင်းထောင်ထားခဲ့ခြင်း ရှိ/မရှိကိုကား တိတိကျကျမသိရှိရသေးပေ။

ထို့အပြင် ရက္ခိုင့်တပ်တော်မှလည်း ထိုစခန်းအားမိုင်းရှင်းလင်းရန်ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း AB News က စုံစမ်းသိရှိရသည်။

​ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ စကစ နယ်ခြားစောင့် ဒုံးပိုက်စခန်း နှင့် ချိန်ခါလိန်စခန်း ၂ ခုအား AAသိမ်းပိုက်ခဲ့ပြီးနောက် စကစ တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏စခန်းများတွင် မနေဝံ့တော့ဘဲ ရဲနှင့် စစ်သားပူးပေါင်းပြီးနေထိုင်ခြင်းများ ပိုမိုများပြားလာနေကြောင်း တွေ့ရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စခန်း ၄ ခုအား သိမ်းပိုက်ထားပြီး စခန်းရုပ်သိမ်းပြီး ထွက်ပြေးသွားသည့် ရဲစခန်း ၄၀ တို့ကို ရရှိထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ