Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသောလမ်းများကို ULA/AA ပြန်လည်ပြုပြင်

ABN-ရှိုင်းမိုး

ဇူလိုင် ၆ရက်

မတ်လ ၁၄ရက်နေ့က တိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်တွင် ပျက်စီးသွားသည့်လမ်းများကို ULA/AA တပ်ဖွဲ့ဝင်များက ပြုပြင်ပေးနေသည်ကိုတွေ့ရသည်။

ရသေ့တောင်မြို့နယ်တွင် ဇူလိုင် ၁ရက်နေ့မှ ၄ရက်နေအထိ ရွာပေါင်း ၁၂ရွာရှိ လမ်းများ၊ တံတားများကို ပြည်သူများနဲ့အတူ ဝိုင်းဝန်းပြီး ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ပြန်လည် ပြုပြင်ပေးနေသည်ဟုသိရသည်။

မုန်တိုင်းတိုက်ခတ်ပြီးသည့်အချိန်မှစ၍ မြို့နယ်အလိုက် ULA/AA ဝန်ထမ်းများမှ ဒေသခံပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။

လက်ရှိအချိန်ထိ လမ်းများပြုလုပ်ပေးခြင်း၊ သောက်သုံးရေ ရရှိအောင်ဆောင်ရွက်ပေးခြင်း၊ နေအိမ်များဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ ကူညီဆောင်ရွက်ပေးခြင်း စသည့်အရာများကို အစဥ်မပြတ်လုပ်ဆောင်ပေးနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ