Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိ

ABN – သူရမောင်

ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာအနီးရှိ အောက်ကျောင်းတောင် ချောင်းဝတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

လူသေအလောင်းမှာ သံတွဲမြို့နယ်၊ ကင်းမော်ရွာမှ ကိုအောင်နိုင် ၃၇ နှစ်ဖြစ်ပြီး ၎င်းမှာ ဘူးသီးတောင်မြို့နယ် စက်ခုံရွာတွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်း သိရသည်။

ကိုအောင်နိုင်မှာ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ အစောပိုင်းက တစ်ယောက်တည်း ဂဏန်းထောင်ရန်ထွက်သွားခဲ့ပြီး ထွက်သွားချိန်တွင်လည်း အရက်သောက်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း စေတီပြင်ပရဟိတအသင်းမှ ကိုအောင်မင်းစိုးက ပြောသည်။

“သူက အရက်သောက်ထားတော့ လှေပေါ်က ပြုတ်ကျသွားတာလို့ ကျွန်တော်တို့ စစ်ဆေးရမိပါတယ်၊ သူက ဂဏန်းမြှုံးထောင်ဖို့ဆိုပြီး တစ်ယောက်တည်း လှေနဲ့ ထွက်သွားခဲ့တယ်၊ အရက်ကလည်း သောက်ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ကိုအောင်နိုင်၏ အလောင်းအား ဇန်နဝါရီ ၃၀ ရက် နေ့လည် ၁၀ နာရီခွဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းအား ညနေ ၅ နာရီခွဲတွင် စေတီပြင်ရွာ သုဿန်တွင် သင်္ဂြုဟ်လိုက်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ်တွင် လူသေအလောင်းတစ်လောင်းတွေရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို ရွှေမင်းဂံဆိပ်တွင် ဘုတ်ပြုပြင်ရန် ရေထဲဆင်းငုတ်ခဲ့ရာတွင် ပျောက်ဆုံးသွားခဲ့ရသည့် ကျောက်ဖြူမြို့မှ ဘုတ်ပိုင်ရှင် ဦးကျော်တင်အောင်အားလည်း ယနေ့အချိန်ထိ မတွေ့ရှိသေးကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ပြောသည်။

“သူ့အလောင်းကိုတော့ ခုထိတော့ရှာမတွေ့သေးပါဘူး၊ ကျွန်တော်တို့လည်း အခုထိရှာနေတုန်းပါပဲ” ဟု ပြောသည်။

ဇန်နဝါရီလအတွင်း ရခိုင်တွင် ရေထဲမှ ကယ်ဆယ်ရရှိခဲ့သည့် လူသေအလောင်း ၆ လောင်းထိရှိခဲ့ပြီး ကျောက်ဖြူဘုတ်ပိုင်ရှင်၏ အလောင်းကိုမှု ယခုအချိန်ထိ ရှာမတွေ့သေးပေ။

ရသေ့တောင်မြို့နယ်တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ