ABN-ရှိုင်းမိုး
ရသေ့တောင်မြို့နယ် လိုင်ဂွင်ချေရွာတွင် ရက္ခိုင့်တပ်တော်မှ ပြည်သူ့ဝန်ဆောက်မှုအဖြစ် ပထမဆုံး တည်ဆောက်ပေးသည့် တံတားကို ဇန်နဝါရီလ ၂၅ ရက်နေ့က အခမ်းအနားဖြင့် ရက္ခိုင့်တပ်တော်မှ အကြီးအကဲများ လာရောက်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
ထိုတံတားမှာ ရသေ့တောင်မြို့နယ် လိုင်ဂွင်ချေရွာတွင် ဖြစ်ပြီး တံတားအလျား ၅၈ ပေ နှင့် အနံ ၁၂ ပေခန့်ရှည်လျားပြီး ကာလတန်ဖိုး ၃၄၆ သိန်းကျော်ကုန်ကျသည်ဟု သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘောလုံးပွဲနှင့် ဇာတ်ပွဲများပါ ပါဝင်ခဲ့ကြောင်း သိရပြီး တံတားကမ္ဗည်းစာတွင် ULAနှင့် ပြည်သူများ ပူးပေါင်းဆောက်လုပ်သည်ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
ဓာတ်ပုံ- အေးထွန်းဘု FB



