Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် မျက်မမြင်၃ဦးရှိသည့် မိသားစု တစ်စု စားဝတ်နေရေးအတွက်အကူညီလိုအပ်နေ

ရသေ့တောင်မြို့နယ်တွင် မျက်မမြင်၃ဦးရှိသည့် မိသားစု တစ်စု စားဝတ်နေရေးအတွက်အကူညီလိုအပ်နေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ရသေ့တောင်မြို့နယ် မယူကမ်း သရက်ချောင်းကျေးရွာမှ မျက်မမြင်သူ၃ဦးရှိသည့် မိသားစုတစ်စု စားဝတ်နေရေးအတွက်အကူညီများလိုအပ်နေသည်ဟုသိရသည်။

ထိုမျက်မမြင်သူတို့အိမ်တွင် မိသားစုဝင်စုစုပေါင်း ၉ ဦးရှိကာ ၎င်းတို့မှာ အသက်၇၀အရွယ်မိဘနှစ်ပါး၊ သား ဦးလှဝင်း၊ စိုးဌေးဝင်း၊ ဌေးဝင်အောင်၊ သမီးဖြစ်သူ မထက်ထက်အေးနှင့် သူမ၏ သားငယ် ညီထက်အောင်တို့အပြင် ဌေးဝင်းအောင်၏ ဇနီးနှင့်သားတို့ဖြစ်ကြသည်။

အစ်ကိုဖြစ်သူ ဦးလှဝင်း အသက် ၄၂ နှစ်၊ ညီဖြစ်သူ စိုးဌေးဝင်း အသက် ၃၀ နှင့် တူဖြစ်သူ အသက် ၄ နှစ်အရွယ် ညီထက်အောင်မှာ မွေးရာပါမျက်မမြင်သူများဖြစ်ကြသည်။

မျက်မမြင် ဦးလှဝင်း၏ ညီမ၊ မျက်မမြင်ကလေး ညီထက်အောင်၏ အမေဖြစ်သူ မထက်ထက်အေးမှာ လင်ယောက်ျားက ပစ်ထားခဲ့ကြောင်းသိရသည်။

အဆိုပါ မိသားစု ၉ ဦးကို ကိုဌေးဝင်းအောင် တစ်ဦးတည်းကသာ ပန်းရံအလုပ်လုပ်ကာ လုပ်ကျွေးပြုစု နေကြောင်းနှင့် လက်ရှိတွင် ပန်းရံအလုပ်မှာလည်း အဆင်မပြေတော့သဖြင့် ဝင်ငွေမရှိ၍ စားဝတ်နေရေးခက်ခဲနေကြောင်း ညီမဖြစ်သူ မထက်ထက်အေးက ABN ကိုပြောသည်။

“ကျမတို့ရဲ့အိမ်မှာ မိသားစုဝင်၉ ယောက်ရှိပါတယ် ကျမှာလည်းယောကျ်ားနဲ့ကွဲသွားပါပြီ၊ အိမ်မှာက စားဝတ်နေရေးတွေဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေပါတယ်။ အစ်ကိုကလည်း ပန်းရံက အမြဲတမ်းမလုပ်ရပါ။ ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။

ထိုမျက်မမြင်သူ မိသားဝင် ၉ဦးတို့စားဝတ်နေရေးအတွက် ကိုဌေးဝင်းအောင်တစ်ဦးတည်းကသာ ရှာဖွေကျွေးမွေးနေရခြင်းဖြစ်ပြီး ၊ လက်ရှိတွင် ၎င်းမှာ ပန်းရံလည်းမလုပ်ရသည့်အတွက် စားဝတ်နေရေး ပို၍ ခက်ခဲမှု ဖြစ်နေကြောင်း မထက်ထက်အေးကပြောသည်။

“အိမ်တစ်လုံးရဲ့စားဝတ်နေရေးအတွက် ဌေးဝင်းအောင်ကအလုပ်လုပ်ကျွေးနေတာပါ အခုသူကအလုပ်လည်း ပုံမှန် မလုပ်ရတာနဲ့ ဆန်းဈေးတွေကလည်း တအားတက်တော့ ကျမတို့အတွက်အလွန်တရာအခက်ခဲဖြစ်နေပါတယ်” ဟုပြောသည်။

ထိုမိသားစုတို့အား သရက်ချောင်းကျေးရွာမှ လိုအပ်သည့်အကူအညီများ အထိုက်အလျောက်ပေးသည်များလည်းရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ