ABN-ရာဟု
ဇွန် ၁၅ ရက်
ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာတွင် စျေးဆိုင်ရောင်သည့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကာ စုစုပေါင်တန်ဖိုးကျပ်သိန်း ၇၀ကျော် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ဇွန်လ ၁၃ရက်နေ့ နံနက်၉နာရီတွင် ဒေါ်သန်းနုခင်မှာ နေအိမ်မီးဖိုတွင် ထမင်းချက်နေစဥ် ၎င်း၏ အစ်မဖြစ်သူ ဒေါ်ခင်သန်းမေက ဓာတ်ဆီ
(အောက်တိန်း) ဗူးထဲမှ ဓာတ်ဆီလာလှပ်ရာမှ ဆီဗူးလွတ်ကျပြီး မီးဖို့အနီးကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူ ဦးမောင်ကျော်က ပြောသည်။
“မီးက ထမင်းချက်ဆောင်ကစလောင်တာ၊ သူ့အစ်မက ဓာတ်ဆီသွားလှပ်တာ၊ အဲဒီမှာ ဓာတ်ဆီဗူးလွတ်ကျလို့ မီးဖိုနားကျသွားရာက မီးစပြီးလောင်တာ၊ မီးကသတ်မရဘူး၊ တန်ဖိုးသိန်၇၀ လောက်ပါသွားတယ်လို့ပြောတယ်” ဟု ပြောသည်။
မီးလောင်မှုကြောင့် နေအိမ်မှာ လုံးဝပျက်စီသွားပြီး ပစ္စည်းနှင့် ငွေစုစုပေါင်း သိန်း၇၀ ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။ အိမ်ရှင်ဒေါ်သန်းနုခင်မှာ ဒဏ်ရာများရရှိကာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။