Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် တောဆင်နင်းခံရ၍ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးသေဆုံး

ABN-မေအိအိအောင်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် တောရိုင်းဆင်နင်းခံရပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရသည်။

ဆင်နင်း၍ သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှ အသက် ၇၀ အရွယ် ဦးမောင်လှကြီး ဖြစ်သည်။

သေဆုံးသွားသည့် အမျိုးသားမှာ ယနေ့ နံနက် ၇ နာရီအချိန်တွင် မေယုတောင်သို့ အိမ်ဆောက်ရန် ဝါးခုတ် သွားစဥ် ရွာအနီးရှိ တောင်ခြေရင်း၌ တောရိုင်းဆင်နင်းခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါရွာမှ ဒေသခံတစ်ဦးက ABN ကိုပြောသည်။

“ဒီကနေ့ မနက် ၇ နာရီမှာ မေယုတောင်ကို ဝါးခုတ်သွားတာပါ။ အဲ့အချိန်မှာပဲ တောရိုင်းဆင်နဲ့တွေ့ပြီး အနင်းခံရတာပါ။ အခြားသူတွေလည်း ပါမယ်ထင်ပါတယ်။ ဒါပေမဲ့ သူက ထွက်ပြေးမလွတ်မြောက်လိုက်တာ ထင်ပါတယ်” ဟုသူကပြောသည်။

ယင်းအပြင် အဆိုပါ တောရိုင်းဆင်နင်းပြီး သေဆုံးသွားသည့် ဦးမောင်လှကြီးအား ယနေ့ ညနေ ၃ နာရီအချိန်တွင် မီးသင်္ဂြိုလ်မည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ