Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ် နေဗီမှ ခရီးသွားများထံမှ ငွေညှစ် တောင်းယူမှုများရှိနေ

ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ် နေဗီမှ ခရီးသွားများထံမှ ငွေညှစ် တောင်းယူမှုများရှိနေ

ABN-ရှိုင်းမိုး

ဇွန် ၁၄ရက်

ရသေ့တောင်မြို့နယ် သောင်းဒရားရွာ၏ ချောင်းဝတွင် ကျောက်ချရပ်ထားသော စစ်ကောင်စီတပ်နေဗီ ၁စင်းမှ ဒေသခံ ခရီးသွားများထံမှ ငွေညှစ် တောင်းယူမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် သောင်းဒရားရွာ၏ ချောင်းဝတွင် ရပ်ထားသောစစ်ကောင်စီနေဗီသည် နွားခရီးသည်၊ သစ်ခရီးသည်၊ ဟင်းသီးဟင်းရွက်များဖြင့် သွားလာနေကြသည့် ဒေသခံ ခရီးသည်များထံမှ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံမပါရင် ဟင်းသီးဟင်းရွက်ပါရင် ဟင်းသီးဟင်းရွက်ပေးရတယ်၊ သစ်သမားတွေဆိုရင် ဘုတ်တစ်စီးကို ၁သိန်းကျော်ထိတောင်းပါတယ်၊ အဲဒါက မကြာသေးပါဘူး၊ ဒီရက်ပိုင်းပိုဆိုးပါတယ်” ဟု သောင်းဒရားရွာမှရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ရက်နေ့ကလည်း နွားတစ်ကောင်လျှင် ၁၅၀၀၀၊ ၂၀၀၀၀ ကျပ်အထိတောင်းပြီး၊ မပေးနိုင်ရင် မသွားရဟုတားမြစ်ခဲ့ကြောင်း သိရသည်။

“နွားတစ်ကောင်ကို ၁၅၀၀၀၊ ၂၀၀၀၀ထိ တောင်းပါတယ်၊ အရင်တုန်းကဆိုရင် ၄၀၀၀ ကျပ်ပဲ ပေးရပါတယ်၊ ပထမလည်းတောင်းပါတယ်၊ ဒါပေမယ့် ဒီလောက်ထိမဟုတ်ပါဘူး” ဟု ခရီးသည်တစ်ဦးကပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်၏ ကမ်းစောင့် နေဗီများနှင့် ကင်းလှည့်နေဗီများသည် များသောအားဖြင့် ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံမှုများ ပုံမှန်ပြုလုပ်လေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ