Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာမ ၁ ဦး မုဒိန်းကျင့် လည်လှီးသတ်ဖြတ်ခံရ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၁၆ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ပေါက်တောရွာမှ ကျောင်းဆရာမတစ်ဦး​ကို အမည်မသိလူတစ်စုမှ မုဒိန်းကျင့် လှည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဖ ဦးကျော်ညွန့်ဦး၏သမီး အသက် ၃၆ နှစ်အရွယ်ရှိ ဆရာမဒေါ်နှင်းယုနွယ်သည် ပန်းဖော်ပြင်ရွာတွင် အလယ်တန်းပြဆရာမတစ်ဦးဖြစ်သည်။

သူမသည် မနက်ပိုင်း ၉ နာရီကျော် ၁၀ နာရီအချိန်ခန့်တွင် သူ၏နေအိမ်မှ ပန်းဖော်ပြင်ကျောင်းသို့ စာသင်ပြရန်သွားရာ လမ်း၌ အမည်မသိ လူတစ်စုမှ အဓမ္မ မုဒိန်းကျင့်ကာ လည်လှီးသတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“၉ နာရီကျော် နာရီ၃၀ ဝန်းကျင်လောက်ဖြစ်ပါတယ်၊ သူ့အိမ်ကနေပြီး ကျောင်းကို စာပြဖို့သွားတယ်၊ အဲ့ဒီလမ်းမှာလူတစ်စုက အတင်းအဓမ္မမုဒိန်းကျင့်ပြီး လည်လှီးသတ်ဖြ​တ်သွားတာပါ “ဟု ဆိုသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်မှ ကျူးလွန်သူများကို စုံစမ်းရှာဖွယ်နေကြောင်း ၎င်းမှဆက်၍ ပြောသည်။

“ကျူးလွန်သူတွေကို AA က စုံစမ်းရှာဖွေနေပါတယ်၊ ​ဘယ်လိုဖြစ်လာမှာလဲမသိဘူး “ဟု ဆိုသည်။

မုဒိန်းကျင့်ခံရသည့် ကျောင်းဆရာမသည် အိမ်ထောင်မရှိသည့်အပြင် ရိုးသားစွာနေထိုင်သူဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိတွင် ကျူးလွန်သူများကို ရက္ခိုင့်တပ်တော်၏ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာမ ၁ ဦး မုဒိန်းကျင့် လည်လှီးသတ်ဖြတ်ခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ