Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့တွင် အမျိုးသား ၁ဦး စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိပြီး ခြေ ၁ဘက် လုံးဝပြတ်ထွက်သွား

AB News – ဇန်နဝါရီ ၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် အမျိုးသား ၁ဦး ခြေ ၁ဘက် လုံးဝပြတ်ထွက်သွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ခြေ၁ဘက် လုံးဝပြတ်တောက်သွားသူမှာ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက် ဘေးလုံးကွင်းရွာသစ်မှ ဦးမြင့်သိန်း၏ သား မောင်ဆန်းလင်း ၂၂နှစ် ဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ မောင်ဆန်းလင်းမှာ ​ ခြေ ၁လက် လုံးဝပြတ်တောက်သွားခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောကြားသည်။

“ဒီနေ့ မနက် ၁၀ နာရီကျော်အချိန်မှာ မောင်ဆန်းလင်းဟာ ခမရ ၅၃၇တပ်ရင်းရဲ့ အောက်ဘက် မြစ်နားသို့ ငါးရှာသွားရာမှာ အဲ့ဒီစစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ညာဘက်ခြေ​ထောက် ပြတ်တောက်သွားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီ ၅၈ မိနစ်အချိန်တွင် ရသေ့တောင်မြို့ နယ်၊ကျောက်ပြင်ဆိပ်ရွာသား ၁ဦး နွားကျောင်းသွားရာတွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့်မိုင်း နင်းမိပြီး ခြေထောက် ပြတ်ထွက်သွားခဲ့သည်။

စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်တွင် လူနေရပ်ရွာအနီး၊ လူသွားလမ်း၊ လယ်ကွင်းများတွင် မိုင်းထောင်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ