Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့တွင် စာသင်ကျောင်းများစဖွင့်

ABN-ကိုဟိန်းထွန်း

ဇွန် ၁ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့တွင် အခြေခံပညာအထက်တန်း ကျောင်းများကိုယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီတွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း ABN မှ ကွင်းဆင်းလေ့လာသိခဲ့ရသည်။

အဆိုပါကျောင်းများသည် မိုခါမုန်တိုင်းကြောင့် ခေါင်မိုးများပွင့်ထွက်သွားခဲ့ပြီး ကျောင်းသားများပညာသင်ကြားနိုင်ရန်အတွက် ပြန်လည်ပြုပြင်ခဲ့ကြောင်းသိရသည်။

ကျောင်းဖွင့်သည်က ကျောင်းသားများအတွက် ပညာရေးမှာ အဆင်ပြေမှုရှိပြီး၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့်မိသားစုများမှာ သားသမီးများကိုကျောင်းအပ်နှံရန်ပင်အခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံဆရာမတစ်ဦးက ABN သို့ပြောသည်။

ကျောင်းကတော့ဒီနေ့ဖွင့်တယ်၊ ကျောင်းသား/ ကျောင်းသူတွေအတွက်ပညာရေးမှာအဆင်ပြေမှုရှိပါတယ်၊ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့မိသားစုတွေမှာ သားသမီးတွေကိုကျောင်းအပ်နှံဖို့အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဆိုသည်။

အမှတ် ( ၂) အခြေပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသူ/ ကျောင်းသားဦးရေ ၉၀၀ ကျော်ရှိပြီး ယနေ့တွင် ၎င်းတို့၏အခန်းများတွင် ဆရာ/ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

ရသေ့တောင်မြို့တွင်မုန်တိုင်းဝင်ရောက်ခဲ့သည့်အတွက်မိသားစုများထိခိုက်မှုများစွာရှိခဲ့ပြီး ကျောင်းသားများသည် ကျောင်းတက်ရန် ငွေကြေးမလုံလောက်မှုကြောင့် ငွေရှာဖို့သွားနေရသည့်လူများရှိကြောင်း Grade 10 ကျောင်းသူတစ်ဦးက ABN သို့ပြောသည်။

“မုန်းတိုင်းဝင်ရောက်ခဲ့တဲ့နောက်မှာ မိသားစုတွေအဆင်မပြေကြတော့ဘူး၊ ကျောင်းသားတွေလည်း ကျောင်းတက်နှံဖို့ ပိုက်ဆံမရှိကြဘူး၊ ငွေရှာဖို့သွားတဲ့သူတွေအများကြီးရှိတယ်” ဟု ဆိုသည်။

၎င်းကျောင်းတွင် Kg မှ Grade 12 ထိသင်ကြားပေးနေကြောင်းတွေ့ရှိရသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ