Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့တွင် ခမရ ၅၃၈ တပ်ရင်းအတွင်း မိုင်းနင်းမိပြီး စကစတပ်သား ၂ဦးသေဆုံး၊ ဗိုလ်ကြီး ၁ဦး ခြေ၂ဘက်လုံး ပြတ်ထွက်သွား

ရသေ့တောင်မြို့တွင် ခမရ ၅၃၈ တပ်ရင်းအတွင်း မိုင်းနင်းမိပြီး စကစတပ်သား ၂ဦးသေဆုံး၊ ဗိုလ်ကြီး ၁ဦး ခြေ၂ဘက်လုံး ပြတ်ထွက်သွား

AB News – ဇန်နဝါရီ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့တွင် ခမရ ၅၃၈ တပ်ရင်းအတွင်း ၎င်းတို့ကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုနင်းမိပြီး စကစတပ်သား ၂ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ဦး ခြေ၂ဘက်လုံး ပြတ်ထွက်သွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၄ရက်၊ နံနက် ၆နာရီ၊ ၄၀ မိနစ်အချိန်တွင် ခမရ ၅၃၈ တပ်ရင်းအတွင်း တပ်သား ၂ဦးသည် ၎င်းတို့ထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။

ထို့အပြင် နံနက် ၉နာရီ ၂၀မိနစ်အချိန်တွင် နံနက်အစောပိုင်းက မိုင်းပေါက်ကွဲသည်ကို မသင်္ခါ၍ သွားကြည့်ရာ ဗိုလ်ကြီး ကျော်လင်းဦးသည်လည်း မိုင်းနင်းပြီး ခြေ၂ဘက်လုံး ပြတ်ထွက်သွားကြောင်း သိရသည်။

ခြေထောက် ၂ဘက်လုံး ပြတ်ထွက်သွားသည့် ဗိုလ်ကြီးကျော်လင်းဦးအား ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း မြို့ခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၆ နာရီ၊ ၂၀မိနစ်အချိန်မှာ ခမရ ၅၃၈ တပ်ရင်းအတွင်း တပ်သား ၂ဦးဟာ မိုင်းနင်းပြီး သေဆုံးသွားတယ်။ အဲ့ဒီမိုင်းပေါက်ကွဲတာကို မသင်္ခါ၍ သွားကြည့်ရာမှာ ဗိုလ်ကြီး ကျော်လင်းဦးလည်း မိုင်းနင်းမိပြီး ခြေ ၂ဘက် ပြတ်ထွက်သွားတယ်။ ဗိုလ်ကြီး ကျော်လင်းဦးဟာ ရသေ့တောင်မြို့မဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်” ဟု ဆိုသည်။

ထို့အပြင် ဗိုလ်ကြီး ကျော်လင်းဦးမှာ စအိုလည်း ပေါက်သွားကြောင်းသိရသည်။

မိုင်းနင်းမိပြီး ခြေ၂ဘက်လုံး ပြတ်ထွက်သွားသည့် ဗိုလ်ကြီး ကျော်လင်းဦးအား ရသေ့တောင်မြို့မဆေးရုံကြီးသို့ ယူဆောင်ပြီး ဆေးကုသမှု ခံယူနေသည့်အတွက် ဆေးရုံးအတွင်း စစ်ကောင်စီအဖွဲ့သည် လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ