Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြိုနယ် ရေစိုးချောင်းဗျူဟာမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ ဗျူဟာမှူးအပါအဝင် တပ်သား ၁၀၀ခန့် ရက္ခိုင့်တပ်တော်ထံလက်နက်ချအလင်းဝင်

ရသေ့တောင်မြိုနယ် ရေစိုးချောင်းဗျူဟာမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ ဗျူဟာမှူးအပါအဝင် တပ်သား ၁၀၀ခန့် ရက္ခိုင့်တပ်တော်ထံလက်နက်ချအလင်းဝင်

AB News- ဇန်နဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည် ရသေ့တောင်မြိုနယ်၊ ရေစိုးချောင်းဗျူဟာကုန်းမှ ထွက်ပြေးလျက်ရှိသော စစ်ကောင်စီ တပ်သားများထဲမှ ဗျူဟာမှူးအပါအဝင် တပ်သား ၁၀၀ခန့် ရက္ခိုင့်တပ်တော်တွင် အလင်းဝင်ခဲ့ကြောင်း AB News မှထောက်လှန်းသိရှိခဲ့သည်။

ရက္ခိုင့်တပ်တော်မှ ရေစိုးချောင်းဗျူဟာကုန်းအား ယမန်နေ့ ဇန်နဝါရီလ ၁၄ရက် နေ့လည် ၁၂နာရီအချိန်ခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီအဖွဲသားများမှာ စခန်းကုန်းမှ ကြောက်လန့်ကာစခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ရက်နေ့တွင် ယမန် နေ့ကထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲများထဲမှ ဗျူဟာမှူးအပါအဝင် တပ်သား ၁၀၀ခန့်မှာ ရက္ခိုင့်တပ်တော်ထံ အလင်းဝင်ခဲ့ပြီး ကျန် ၁၀၀ ကျော်ခန့်မှာ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြိုနယ်ရှိ ရေစိုးချောင်းဗျူဟာကုန်းသည် စစ်ကောင်စီ၏ မဟာဗျူဟာကျ စခန်းကုန်း တစ်ခုဖြစ်ပြီး ရက္ခိုင့်တပ်တော်၏ ပိတ်ဆိုဝိုင်းဝန်းခြင်းကို နှစ်ရှည်လများ ခံခဲ့ရသဖြင့် ကြောက်လန့်နေသောစစ်ကောင်စီတပ်များမှာ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ချိန်၌ ကြောက်လှန့်၍ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်မှလည်း စစ်ကောင်စီတပ်စခန်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲဝင်များအားလည်း လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ရက္ခိုင့်တပ်တော်မှလည်း ပြည်သူကို နှစ်ရှည်လများဒုက္ခပေးနေသော စစ်ကောင်စီစခန်းများအား အချိန်နှင့်တပြေးညီ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး စစ်ကောင်စီတပ်ဖွဲဝင်များအားလည်း နှစ်ရှည်လများခွဲခွာနေရသော မိသားစုများနှင့် ပြန်လည်ဆုံစည်းနိုင်ရေးအတွက် ပြည်သူ့ရင်ခွင်ထံ ဝင်ရောက်ခိုလုံကြရန်လည်း ဖိတ်ခေါ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ