Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြိုနယ်တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတိုတိုက်ပွဲပြင်းထန်နေ

ရသေ့တောင်မြိုနယ်တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတိုတိုက်ပွဲပြင်းထန်နေ

(စေတီပြင်ရဲစခန်းနှင့် စေတီတောင်ကုန်းကို အပြီသတ်သိမ်းပိုက်ထားပြီဟုသိရ)

AB News – ဇန်နဝါရီလ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရသေ့တောင်မြိုနယ် အမျက်တောင်အနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို တိုက်ပွဲပြင်းထန်နေပြီး စေတီပြင်မြိုမရဲစခန်းအပါအဝင် စေတီတောင်ကုန်းကိုလည်း ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်းပိုက်ထားကြောင်း AB News က စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၅နာရီကျော်အချိန်တွင် ရက္ခိုင့်တပ်တော်က စကစ စခန်းကုန်းများကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၎င်းတိုအလုအယက်ထွက်ပြေးခဲ့ရပြီး မြိုမစခန်းနှင့် တောင်ကုန်းကိုသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီကျော်တွင် ရသေ့တောင်မြိုနယ် ရေးစိုးချောင်းဗျူဟာကုန်းနှင့် အမျက်တောင်ကုန်းရှိစခန်းတိုကို ရက္ခိုင့်တပ်တော်က ဝင်သိမ်းနေကြောင်း ဒေသခံတစ်ဦးက AB News သို ပြောသည်။

“လက်နက်ကြီး၊ လက်နက်ငယ်သံတွေဆူညံနေကြတယ်၊ စကစ ရဲ့ဗျူဟာကုန်းနဲ့ စခန်းကုန်းတွေကို AA ကဝင်သိမ်းနေပါတယ် ၊ ကျနော်တိုလည်း ပြေးနေရတယ် ” ဟု ဆိုသည်။

ရက္ခိုင်ပြည်သူများကို နှစ်ရှည်လများ ဒုက္ခပေးနေသည့် ရေးစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီးများ တရစပ်ပစ်ခတ်နေသော်လည်း အချိုတပ်ဖွဲဝင်များမှာ သွေးကြောင်ပြီး ထွက်ပြေးနေရကြောင်း သိရသည်။

၎င်းတိုက်ပွဲများကြောင့် အမျက်တောင်၊ သမီးလှ ၊ ရက်ခုန်တိုင်၊ ပြိန်းတောကျေးရွာများမှ ပြည်သူများသည် ၎င်းတိုပိုင်ပစ္စည်းများကိုယူရန်အချိန်မရှိဘဲ ဘေးလွတ်ရာသိုတိမ်းရှောင်ရလျက်ရှိသည်။

ထိုအပြင် ကျောက်တော်မြိုနယ် ၅၃၉ ဦးစွန်းတောင် တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားသည့်အတွက် ပြည်သူများကို အနှောင့်အယှက်ပေးနေသော ကန်ဇောက်အခြေစိုက် ၃၇၇ တပ်မကိုလည်း ကျားထိုးပြီးတက်သိမ်းနေသည့်အတွက် စကစ ရေတပ်နေဗီများမှ လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် တရစပ်ပစ်ခတ်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ကန်ဇောက် ၃၇၇ တပ်မရှိ ကစအဖွဲ လက်နက်တိုက်ကြီးမီးလောင်ပြာကျသွားပြီဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းများကို AB News က ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ