Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ် အငူမော်ဆိပ်ကမ်းသို့ စစ်ကောင်စီတပ်သား ၇၀ ကျော်ရောက်ရှိနေ

ရသေ့တောင်နယ် အငူမော်ဆိပ်ကမ်းသို့ စစ်ကောင်စီတပ်သား ၇၀ ကျော်ရောက်ရှိနေ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၂ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ စစ်ကောင်စီတပ်သား ၇၀ ကျော်ရောက်ရှိနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲပိုင်းက စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းမှ နေပြီး အငူမော်ဆိပ်ကမ်းသို့ ၂ နာရီ ၅ မိနစ်တွင် နေဗီဖြင့်ရောက်ရှိလာကြောင်း သိရသည်။

အငူမော်ဆိပ်ကမ်းသို့အတက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထုတ်အပိုးအကြီးများကို နေဗီကချပြီး စစ်ကားသို့တင်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

“သူတို့က နေဗီကနေပြီးအထုတ်အပိုးအကြီးတွေကို စစ်ကားကိုတင်တယ်၊ ​လူဦးရေလည်းများတယ်”ဟုဆိုသည်။

စကစတပ်ဖွဲ့ဝင်များသည် မည်သည့်အတွက်ကြောင့် ရောက်ရှိနေသည်ကို မသိရှိရသေးပေ။

ဆက်သွယ်ရေးလမ်းများပိတ်သွားမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြသည်ကိုတွေ့ရသည်။

၎င်းတို့တွင် လက်နက်ခဲယမ်းအပြည့်ပါရှိပြီး စစ်ကား ၃ စီးဖြင့် အငူမော်ကနေပြီး အင်းဒင်ဖက်သို့ သွားကြောင်း၎င်း မှဆက်၍ ပြောသည်။

“လက်နက်ခဲယမ်းအပြည့်ပါတယ်၊ စစ်ကား ၃ စီးနဲ့ အင်းဒင်၊ ဘူးသီးတောင် ဖက်ကို သွားပါတယ် “ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကားသုံးစီးဖြင့် စစ်ဆေးရေးတင်းကျပ်နေသည့် ၎င်းတို့၏ အငူမော်စစ်ဆေးရေးဂိတ်၊ အင်းဒင်စစ်ဆေးဂိတ် နှင့် သုံးမိုင်စစ်ဆေးရေးဂိတ်များသို့ သွားနေကြောင်း ဒေသခံများက ပြောသည်။

ယခုလို စစ်ကားများသွားလာနေသည့်အတွက် ရသေ့တောင်မြို့နယ်ရှိရွာများက ပြည်သူများသည် ထိတ်လန့်စိုးရိမ်မှု ရှိနေပြီး တစ်ရွာမှ တစ်ရွာသို့ မသွားဝံ့ဖြစ်နေကြောင်း သိရသည်။

စကစ တပ်ဖွဲ့ဝင်များသည် ရသေ့တောင်ဖက်တွင် ညအချိန်၌ AA တပ်စခန်းများကို ဒရုန်းဖြင့်ကင်းထောက်မှုများ၊ စစ်ရေးဖြည့်တင်းမှုများအပါအဝင် AA နှင့်ဆက်စပ်သူများကို လိုက်လံရှာဖွယ်မှုများရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ