Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ကပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးငယ် တစ်ဦးပွဲချင်းပြီးသေဆုံး

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း လုံးဝမရှိဘဲ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာတွင် အကြမ်းဖက်စစ်ကောင်စီကပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးငယ်တစ်ဦး ယနေ့နံနက် ၁၀ နာရီခန့်က သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ ဒေါ်သိန်းနု၏သမီး အသက် ၁၅ နှစ်အရွယ်ရှိသူဖြစ်ပြီး ၎င်းသည် နေအိမ်တွင် ထမင်းစားနေစဥ် လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးကပြောသည်။

“ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ပြိန်းတောရွာက အသက် ၁၅ နှစ်အရွယ်ရှိ ဒေါ်သိန်းလှ၏ သမီး မအေးငြိမ်းစံ (ခ) မဖြူမ အိမ်မှာ ထမင်းစားနေချိန် လက်နက်ကြီးကျလို့ သေသွားပါတယ်” ဟု ပြောသည်။

ယနေ့မနက်တွင် ပြိန်းတောရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ရေစိုးချောင်းဗျူဟာမှ ပစ်လိုက်သည့် လက်နက်ကျည် ၄ လုံးသည် လူနေအိမ်နှင့် နေအိမ်ခြံဝန်းများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိမှန်၍ မင်းပြားမြို့နယ်တွင် ကျောင်းဆရာမ ၁ ဦးအပါအဝင် ၄ ဦး၊ ကျောက်တော်တွင်မူဆလင်အမျိုးသမီး တစ်ဦး၊ ဘူးသီးတောင်နယ်တွင် မူဆလင်အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ