Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို AA ဖမ်းဆီးပြီး စစ်ဆေးမှုစတင်ပြုလုပ်နေ

ရသေ့တောင်နယ်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို AA ဖမ်းဆီးပြီး စစ်ဆေးမှုစတင်ပြုလုပ်နေ

ABN-ဟိန်းထွန်း

အောက်တိုဘာ ၆ ရက်

ရခိုင်ပြည် ရသေ့တောင်မြို့နယ် အလယ်ရွာချေတွင် အဓမ္မ သားမယားပြုကျင့်မှု ၇ ကြိမ်ထိကျူးလွန်ခဲ့သူအား AA က ယမန်နေ့က ဖမ်းဆီးခေါ်ယူသွားပြီးစစ်ဆေးမှု စတင်ပြုလုပ်နေကြောင်း သိရသည်။

AA တပ်ဖွဲ့ဝင်များသည် ယမန်နေ့က ရသေ့တောင်မှရေချမ်းပြင်ဆိပ်ကမ်းသို့ သွားမည့် မုဒိမ်းမှုကျူးလွန်သူ တရားခံအား ဖမ်းဆီးခဲ့သည့်အပြင် ယမန်နေ့ ညနေ ၉ နာရီ ၄၀ ခန့်တွင် ကျူးလွန်ခြင်းခံခဲ့ရသည့် ကလေးငယ်အပါအဝင် မိဘအုပ်ထိန်းသူကို စစ်ဆေးရန် ခေါ်သွားခဲ့ကြောင်း မိသားစုဝင် တစ်ဦးက ABN သို့အတည်ပြုသည်။

“AA တပ်ဖွဲ့တွေကနေပြီး တရားခံကို ဘုတ်ဆိပ်မှာသွားဖမ်းပါတယ်၊ ညနေ ၉ နာရီ ၄၀ လောက်မှာ ကျူးလွန်ခံရတဲ့ သမီးနဲ့အတူ မိဘကိုလည်း စစ်ဆေးဖို့လာခေါ်တယ် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါသွားတယ်” ဟု ပြောသည်။

အတင်းအဓမ္မ သားမယားပြုကျင့်မှု ၇ ကြိမ်တိုင်တိုင်ကျူးလွန်ခဲ့သူမှာ အဖ ဦးမောင်ဝေသိန်း၏သားဖြစ်သူ အသက် ၁၇ ကျော် အရွယ် မောင်ရန်ထန်ရှိန်ဖြစ်ပြီး လက်ရှိမှာ ၎င်းကို ဖမ်းဆီးသွားပြီး အမှုကို စတင်စစ်ဆေးနေကြောင်း သိရသည်။

ရန်ထန်ရှိန်သည် ၉ နှစ်အရွယ်သာရှိသည့် ဝမ်းကွဲညီမကို အတင်းအဓမ္မမုဒိမ်းကျင့်ခဲ့ပြီး ထိုလုပ်ရပ်ကိုပြောလျှင် လည်လှီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်များလည်းရှိခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်ပြောကြားချက်အရ သိရသည်။

ကျူးလွန်သူသည် အသက် ၁၈ နှစ်ပြည့်ရန်အတွက် ၈ လနှင့် ၄ရက်လိုသေးသည့်အတွက် သက်ဆိုင်ရာ ရက္ခိုင့်တပ်တော်၏ ရဲစခန်းမှ နှစ်ဖက်မိဘများကို ခေါ်ယူပြီး ကျူးလွန်သူအား ခံဝန်ကတိဖြင့် လွှတ်ပေးထားရာမှ ယမန်နေ့က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖခင်ဖြစ်သူမှာ သမီးဖြစ်သူကို အကြိမ်ကြိမ် မုဒိမ်းကျင့်မှုကို ကြားရပြီး စိတ်မထိန်းနိုင်သည့်အတွက် အလုပ်မှထွက်ပြီး ရှင်ဝတ်ဖြင့် နေထိုင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ