Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်တွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

ရသေ့တောင်နယ်တွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

AB News – နိုဝင်ဘာ ၃ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မူစဲကမ်းဒေသ ဆားပြင်ကြီးရွာတွင် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး သွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ အဖဦးခိုင်လှထွန်း၏သမီး အသက် ၁၈ နှစ်အရွယ် မဆန်းဆန်းဌေးဖြစ်ကြောင်း သိရသည်။

သူမသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်တွင် ကျောင်းတက်ရာမှပြန်လာချိန်၌ ယောက်ျား သူငယ်ချင်း တစ်ဦးထံသို့ သေချင်နေပြီ ဟု Message တစ်စောင် ပို့ခဲ့ပြီး ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက AB News သို့ပြောသည်။

“သူကကျောင်းသူတစ်ယောက်ပါ၊ ကျောင်းတက်လို့ ပြန်လာတဲ့အခါ သူ့သူငယ်ချင်းတစ်ယောက်ဆီကို သေချင်နေပြီလို့ Message တစ်စောင်ပို့ပါတယ်၊ အိမ်မှာကြိုးဆွဲချသေဆုံးသွားပါတယ်” ဟု ဆိုသည်။

သူမသည် ၁၁ တန်းကျောင်းသူဖြစ်ပြီး ရသေ့တောင်မြို့နယ် ညောင်ပင်လေတွင် ​ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။

သူငယ်ချင်းထံသို့ Message ဝင်သည့်ချိန်တွင် ၎င်းမှလည်း သူမ၏နေအိမ်သို့ ပြေးသွားရာ ကြိုးဆွဲချသေဆုံးနေသည်ကို မြင်ခဲ့သည် ဟု မိသားစုဝင်များက ပြောသည်။

မိဘများသည် ရွာအနီးရှိလယ်ကွင်းအနီးရှိ တဲထဲတွင်ရှိနေသည့် အတွက် သမီး သေဆုံးသွားသည်ကို မသိလိုက်ရကြောင်း ၎င်းမှ ဆက်ပြောသည်။

” မိဘတွေက ရွာအနီးက တဲမှာနေပါတယ်၊ တဲနဲ့အိမ်က နီးနီးလေးပဲ ၊ သူသေဆုံးနေတာကို မသိလိုက်ရဘူး၊ ရွာသားတွေပြောမှ သိသွားတာ” ဟု ဆိုသည်။

မဆန်းဆန်းဌေးသည် ယောက်ျားလေးလိုနေတတ်ပြီး မည်သည့်အတွက်ကြောင့် သေဆုံးသွားသည်ကိုကား မသိရှိရပေ။

မိဘများသည် လယ်လုပ်ငန်းလုပ်ကိုင်နေကြသည့်သူများဖြစ်၍ ၎င်း၏တဲတွင်နေထိုင်ပြီး ညနေဆိုလျှင် အိမ်ပြန်လာကြကြောင်း သိရသည်။

သေဆုံးသူ အလောင်းကို ယနေ့ ၁၂ နာရီကျော်တွင် ရွာ၏ သုဿာန်၌ သ​င်္ဂြိုလ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ