Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်တွင် လက်နက်နှင့်အတူ ထွက်ပြေးသည့် AA တပ်ဖွဲ့ဝင် ၂ ဦးနှင့် DPA တပ်ဖွဲ့ဝင်ဟောင်း ၁ ဦးတို့ကို ပစ်ခတ်ဖမ်းဆီးမှုဖြစ်

ရသေ့တောင်တွင် လက်နက်နှင့်အတူ ထွက်ပြေးသည့် AA တပ်ဖွဲ့ဝင် ၂ ဦးနှင့် DPA တပ်ဖွဲ့ဝင်ဟောင်း ၁ ဦးတို့ကို ပစ်ခတ်ဖမ်းဆီးမှုဖြစ်

ယမန်နေ့ ဧပြီ ၂၃ ရက်နေ့ ရခိုင်ပြည် ရသေ့တောင်မြို့တွင် လက်နက်နှင့်အတူ ထွက်ပြေးသည့် AA တပ်ဖွဲ့ဝင် ၂ ဦးနှင့် DPA တပ်ဖွဲ့ဝင်ဟောင်း ၁ ဦးတို့ကို ရက္ခိုင်တပ်တော် တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၅ နာရီခန့်တွင် သေနတ် ပစ်ဖောက် ဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။

ရက္ခိုင့်တပ်တော်မှ ထွက်ပြေးခဲ့သူ တပ်ဖွဲ့ဝင် ၂ ဦးမှာ ရသေ့တောင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး၊ နောက် ၁ ဦးမှာ Democratic Party of Arakan (DPA) တပ်ဖွဲ့ဝင်ဟောင်း​ဖြစ်သည်။

DPA တပ်ဖွဲ့ဝင်ဟောင်းမှာ AA အယောင်ဆောင်ပြီး ရပ်ရွာများအတွင်း ငွေကြေးလိမ်လည်မှု၊ ငွေကြေးကောက်ခံမှုများကြောင့် ရက္ခိုင့်တပ်တော်က ဖမ်းဆီး ထောင်ချထားခဲ့ရာမှ ပြီးခဲ့သည့် သင်္ကြန်ကာလက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးထားသူ ဖြစ်ကြောင်း သိရှိရသည်။

DPA တပ်ဖွဲ့ဝင်ဟောင်းက တာဝန်ထမ်းဆောင်နေသည့် တပ်တော် တပ်ဖွဲ့ဝင် ၂ ဦးအား ဖျားယောင်းပြီး လက်နက်များနှင့်အတူ ထွက်ပြေးစဥ် ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံဝန်းထဲမှာ လက်နက်ဖြင့် ပြန်လည် ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ပစ်ခတ်ဖမ်းဆီးမှု မပြုလုပ်မီ လက်နက်ချပြီးဖမ်းဆီးခံရန် မိဘများဖြင့် ဖျောင်းဖျခြင်း၊ ညှိနှိုင်းခြင်းများပြုလုပ်၍ မရရှိခဲ့သည့်အပြင် ဆေးရုံဝန်းအတွင်းမှ လက်နက်ဖြင့် ခုခံတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် သေနတ် ပစ်ဖောက် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ၎င်း ၃ ဦးကို ရက္ခိုင့်တပ်တော် ဖမ်းဆီးသွားပြီး လက်နက်များကိုလည်း သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ