Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်တွင် မီးလောင်သွားခဲ့သည့် စစ်ဘေးရှောင်စခန်း ပြန်လည် တည်ဆောက်ရန် အကူအညီလိုအပ်နေ

ထက်မြတ်ခင် Bay News-ABN

ရခိုင်ပြည် ရသေ့တောင်မြို့တွင်ရှိသည့် ပညာပါရမီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့ ညက မီးလောင် ပြာကျသွားခဲ့သောကြောင့် ပြန်လည်တည်ဆောက်ရန် ငွေကြေး အကူအညီများ လိုအပ်နေကြောင်း စခန်းတာဝန်ခံ ဆရာတော်က ABN ကိုပြောသည်။

မီးလောင်မှုကြောင့် စစ်ဘေးရှောင် တဲအိမ် ၃၆ ဆောင် မီးလောင်ပြာကျသွားခဲ့ရပြီး ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်လည်း မီးလောင်ကျွမ်းခဲ့ရသည်။

လက်ရှိတွင် ထိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် လူဦးရေ ၁၇၂ ဦးမှာ စခန်းတွင် နေထိုင်ရန် အဆောင်မရှိတော့သည့်အတွက် မြို့ထဲရှိ နီးစပ်ရာ နေအိမ်များတွင် ယာယီတည်းခိုလျက် နေရကြောင်း သိရသည်။

“ဘုန်းကြီးတို့မှာ ငွေမရှိလို့ မီးလောင်သွားတဲ့ စစ်ရှောင်နေအိမ်တဲတွေကို ပြန်မဆောက်နိုင်သေးပါဘူး။ နေစရာလည်း မပေးနိုင်သေးဘူး။ တချို့ကတော့ နီးစပ်ရာ အိမ်တွေမှာဘဲ ယာယီနေကြရပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး ပြန်ဆောက်ပေးချင်တယ်” ဟု ဆရာတော် ဦးပုညက မိန့်သည်။

ထိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် မိသားစု ၆၃ စု ရှိသည့်အနက် တဲအိမ် ၃၆ ဆောင် မီးလောင်ပြာကျသွားခဲ့သည်။

ရသေ့တောင်တွင် မီးလောင်သွားခဲ့သည့် စစ်ဘေးရှောင်စခန်း ပြန်လည် တည်ဆောက်ရန် အကူအညီလိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ