Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်တွင် စခန်း ၂ ကို AA သိမ်းပိုက်ရရှိ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရသေ့တောင်တွင် စခန်း ၂ ကို AA သိမ်းပိုက်ရရှိ တိုက်ပွဲဆက်လက်ပြင်းထန်နေ

(စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေ)

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရသေ့တောင် မြိုနယ်ရှိ စကစ ဒုံးပိုက်စခန်းနှင့် ချိန်ခါလီ (လိန်) ခြားစောင့် စခန်းကို AA သိမ်းပိုက်ရရှိထားပြီး ကိုးတန်ကောက်စခန်းကို ထပ်သိမ်းရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

ချိန်ခါလီ( လိန်) စခန်းကို ၇ နာရီ ၄၀ ကျော်တွင်သိမ်းပိုက်ရရှိပြီး တစ်ခြားစခန်းများအား AA မှ ထပ်သိမ်းရန်ကြိုးစားနေကြောင်း သေခံတစ်ဦးက AB News သို အတည်ပြုသည်။

” စခန်း ၂ ခုတော့ AA သိမ်းပိုက်လိုက်ပါပြီ၊ တစ်ခြားစခန်းတွေသိမ်းဖို့ကြိုးစားနေတယ် ” ဟုဆိုသည်။

ထိုစခန်းများကို ရက္ခိုင့်တပ်တော် AA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ဦးမှုရယူ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်း ၅ နာရီ ၃၀ မိနစ်မှ လက်ရှိအချိန် အထိ ၂ ဖက်တိုက်များ ပြင်းထန်နေကြောင်း သိရသည်။

ထို့အပြင် ရသေ့တောင်မြိုမှ စကစ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံချောင်းရွာပြင်ရှိ ဘောလုံးကွင်းနားတွင် ကျရောက်ပေါက်ကွဲသွားကြောင်းသိရသည်။

၎င်းရွာမှ ပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး အောင်ဆိပ်ကျေးရွာဖက်သို ရွှေ့ပြောင်းနေကြရကြောင်း ဒေသခံများက ပြောသည်။

အလားတူ ချိန်ခါလီရွာ နှင့် ဒုံးပိုက်ရွာသားများသည် ၂ ဖက်တိုက်ပွဲကြား အနည်းငယ်ပိတ်မိနေပြီး ထွက်ပြေးနေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ