Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲ လေးတောင်မြို့တွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား၊ ကျူးလွန်သူအား အာရက္ခပြည်သူ့အစိုးရအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား

ABN-ရှိုင်းမိုး

သြဂုတ် ၂၇ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် လေးတောင်မြို့မှ အသက် ၃နှစ်နှင့် ၈လ အရွယ် ကလေးငယ်တစ်ဦးအား မဒိမ်းမှု ကျူးလွန်သူအား သက်ဆိုင်ရာ အာရက္ခပြည်သူ့အစိုးရမှ ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသိရသည်။

မုဒိမ်းမှုကျူးလွန်ခံခဲ့ရသည့် ကလေးငယ်မှာ ကျောက်ဖြူဆေးရုံကြီးတွင် ၄ ရက်တာဆေးကုသမှုခံယူခဲ့ရသည်ဟုသိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၂၂ရက်နေ့ နေ့လည် ၂နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ပြစ်မှုကျုးလွန်သူကို သြဂုတ်လ ၂၄ရက်နေ့က အာရကခပြည်သူ့အစိုးရအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထးပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ပြစ်မှုကျုးလွန်တဲ့သူကိုဖမ်းထားပါတယ်၊ ကလေးကတော့ အခုကျောက်ဖြူဆေးရုံကဆင်းပါပြီ၊ အခုသက်သာသွားပါတယ်၊ ပထမတော့ သတိတောင်မရခဲ့ပါဘူး၊ သူ့အသက်အန္တရာယ်ကိုတောင် စိုးရိမ်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော ကလေးက တအားငယ်တော့စိတ်ပူမိခဲ့တယ်” ဟုဆိုသည်။

ကျူးလွန်သူသည် တရွာတည်းနေ ဦး—၏သား အသက် ၁၅နှစ်အရွယ် မောင်—ဖြစ်သည်။

မိဘများက သမီးဖြစ်သူ၏ မိန်းမကိုယ်မှ သွေးထွက်နေသည်ကို တွေ့သော်လည်း သာမန်မတော်တဆ ထိခိုက်မိသည်ဟုထင်ခဲ့ကြသည်။

​၎င်းနေ့ ညနေ ၈နာရီကျော်အချိန်ထိလည်း သွေးထွက်သည်မှာ ရပ်စဲသွားခြင်းမရှိဘဲ ပို၍ဆိုးဝါးလာသောကြောင့် လေးတောင်မြို့ဆေးရုံသို့သွား၍ ပြရာမှ ဆရာဝန်က လူနာမှာ မုဒိမ်းမှုပြုကျင့်ခံထားရခြင်း ဖြစ်ကြောင်းအတည်ပြုပြောသည်ဟု ဆွေမျိုးနီးစပ်တော်သူ တစ်ဦးကပြောသည်။

ပြစ်မှုကျုးလွန်သူ မောင်—သည် ကျူးလွန်ခံရသူ မ—-၏နေအိမ်သို့ မကြာခဏ လာရောက်တတ်သူဖြစ်ပြီး ရင်းနှင်းသိကျွမ်းဝင်သူတစ်ဦး ဖြစ်သည်ဟု ထိုရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ပြောသည်။

“ကလေးကအခုဆေးရုံကဆင်းပြီး၊ ပြစ်မှုကျုးလွန်သူတဲ့ ကောင်လေးနဲ့က ကလေးအိမ်ကိုမကြာခဏလာတယ်၊ တီဗွီတွေဘာတွေတက်ကြည့်လေ့ရှိတယ်၊ အုပ်စုတစ်ခုတည်းမှာနေကြတာဆိုတော့ ရင်းနှီးကြပါတယ်” ဟုဆိုသည်။

ပြစ်မှူးကျူးလွန်သူသည် ဖခင်ဖြစ်သူ၊ ဦးလေးဖြစ်သူတို့နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ သက်ဆိုင်ရာ ULA/AA ၏ သက်ဆိုင်ရာ အာရက္ခပြည်သူ့အစိုးရက ၂ ရက်အကြာတွင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ