Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ရှိ နေအိမ်အချို့ စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကျည်ထိမှန်ပြီး မီးလောင်နေကြောင်း သိရ

ရမ်းဗြဲမြို့ရှိ နေအိမ်အချို့ စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကျည်ထိမှန်ပြီး မီးလောင်နေကြောင်း သိရ

AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ လောင်းချောင်း အမှတ် ၅ ရပ်ကွက်တွင် စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် နေအိမ်အချို့ မီးလောင်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး ရမ်းဗြဲမြို့၊ လောင်းချောင်း အမှတ် ၅ ရပ်ကွက်မှ နေအိမ်အချို့မှာ မီး​လောင်နေကြောင်း မြို့ခံ ၁ဦးက ပြောသည်။

“ဒီနေ့ ဒီဇင်ဘာလ ၃၀ရက် နံနက် ၁၁နာရီ ၃၀မိနစ် အချိန်မှာ သိမ်တောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအဖွဲ့က ၆၀ မမ လက်နက်ကြီးတွေ မြို့ထဲကို ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီးအချို့ဟာ လောင်းချောင်း အမှတ် ၅ ရပ်ကွက် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များ မီးလောင်နေတယ်” ဟု ဆိုသည်။

ရမ်း​ဗြဲမြို့ရှိ သိမ်တောင်တွင် အခြေစိုက်ထားသော အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လောင်းချောင်း အမှတ် ၅ ရပ်ကွက်မှ လူနေအိမ်များ မီးလောင်နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ရက်နေ့တွင်လည်း ရက္ခိုင်ပြည်၊ ရဗ်းဗြဲမြို့တွင် စစ်ကောင်စီမှပစ်ခတ်သောလက်နက်ကြီးကျည်ကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ၄ ဦးထက်မနည်း ဒဏ်ရာခဲ့သည့်အပြင် နေအိမ်အချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ