Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့နယ်မှ ဒေသခံ အမျိုးသား ၂ဦး ပျောက်နေကြောင်း သိရ

ရမ်းဗြဲမြို့နယ်မှ ဒေသခံ အမျိုးသား ၂ဦး ပျောက်နေကြောင်း သိရ

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ဒေသခံအမျိုးသား ၂ဦး ထင်းခွေသွားရာမှ ပျောက်နေကြောင်း AB News သို့ ဒေသခံများက ပြောသည်။

ပျောက်သွားသူများမှာ ရမ်းဗြဲမြို့နယ် သပြုချိုင်ကျေးရွာမှ ဦးတင်ဝင်းနှင့် ဦးတင်မောင်ရီတို့ ဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ရက်၊ နေ့လည် ၂နာရီအချိန်တွင် သပြုချိုင်ရွာ သင်္ချိုင်း၏ အနောက်ဘက်တောင်တွင် ထင်းခွေသွားရာမှ ဦးတင်ဝင်းနှင့် ဦးတင်မောင်ရီတို့ အိမ်ပြန်မရောက်ဘဲ ပျောက်သွားခဲ့ကြောင်း ရွာသား ၁ဦးက ပြောသည်။

“မနေ့က နေ့လည် ၂နာရီတွင် သူတို့ ၂ဦး ထင်းခွေသွားကြတာ ပြန်မရောက်ဘူး။ အခု ရက္ခိုင်မှာ တိုက်ပွဲတွေဖြစ်နေတော့ စစ်ကောင်စီ​အဖွဲ့က အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးနေတာတွေ ရှိတော့ အရမ်းစိတ်ပူနေကြပါတယ်” ဟု ဆိုသည်။

ဦးတင်ဝင်းနှင့် ဦးတင်မောင်ရီတို့၏ မိသားစုများမှာ ပျောက်ဆုံးနေသူ ၂ဦးအတွက် အလွန်စိုးရိမ်လျက်ရှိကြောင်းပြောသည်။

နိုဝင်ဘာလအတွင်း ရမ်း​​ဗြဲမြို့၊ တောင်ဥက္ကလာ၊ အမှတ် ၅ရပ်ကွက်မှ ကျော်ကျော်ဌေး၊ ညီချေ၊ အောင်ဆိပ် အမှတ် ၄ရပ်ကွက်မှ ဦးထွန်းဦးခိုင်နှင့် အင်းတောင် အမှတ် ၄ရပ်ကွက်မှ ဦးအေးမင်းသူတို့အား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးသွားပြီး မိသားစုများနှင့်လည်း အဆက်အသွယ်လုံးဝ မရရှိကြဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ